21 C
Yangon

ပင်လယ်ရေအောက် ဖိုက်ဘာ ကေဘယ်ဆက်ကြောင်း ပြတ်တောက်လို့ အင်တာနက်တွေ နှေးကွေးသွားတယ်လို့ စစ်တပ်က အကြောင်းပြပြီး ဒီဇင်ဘာလကုန်မှာ ပြန်ကောင်းမွန်နိုင်တယ်လို့ဆိုပြန်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အင်တာနက်လိုင်း နှေးကွေးကျဆင်းမှုတွေ လာမယ့် ဒီဇင်ဘာလကုန်ချိန်မှာ ပြန်လည်ကောင်းမွန်မယ်လို့ အာဏာသိမ်းစစ်ကော်မရှင် လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ရက်နေ့ကစလို့ အင်တာနက်အသုံးပြုသူတွေ လိုင်းပြတ်တောက်တာနဲ့ အသုံး ပြုရခက်ခဲတာတွေ တွေ့ကြုံခဲ့ကြရပြီး လက်ရှိအချိန်အထိ အင်တာနက်လိုင်းတွေ မူလအခြေအနေကို ပြန်မရောက်သေးဘူးလို့ အင်တာနက်သုံးစွဲသူတွေက ဆိုပါတယ်။

စစ်ကော်မရှင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ စင်ကာပူကနေ မြန်မာ နိုင်ငံကို ဆက်သွယ်ချိတ်ဆက်ထားတဲ့ UMO ပင်လယ်ရေအောက် ဖိုက်ဘာကေဘယ်ဆက်ကြောင်းက နိုဝင်ဘာလ ၁ရက်နေ့မှာ ချို့ယွင်းပြတ်တောက်ခဲ့တာကြောင့် အင်တာနက်ဝန်ဆောင်မှုတွေ နှေးကွေးနေတာလို့ ဆိုပါတယ်။

မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာတွေနဲ့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ISP ကုမ္ပဏီတွေဘက်ကလည်း အခုလို ထုတ်ပြန်ခဲ့တာရှိပြီး လက်ရှိအချိန်အထိ အင်တာနက်လိုင်းတွေ ပြန်လည်ကောင်းမွန်ဖို့ ကြိုးပမ်းဆောင်ရွက်နေဆဲလို့ အသိ ပေးထားတာတွေ ရှိပါတယ်။

ချို့ယွင်းပြတ်တောက်နေတဲ့ ပင်လယ်ရေအောက် ဖိုက်ဘာကေဘယ်ဆက်ကြောင်း ပြုပြင်မှုက ဒီဇင် ဘာလကုန်မှာ ပြီးစီးနိုင်လို့ မကြာခင်အင်တာနက်လိုင်းတွေ ပြန်လည်ကောင်းမွန်လာမယ်လို့ စစ်ကော်မရှင် ဆက်သွယ်ရေးဝန်ကြီးဌာနဘက်က ဆိုပါတယ်။

ဒီဇင်ဘာလထဲ အာဏသိမ်းစစ်ကော်ရှင်ရဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေချိန် အင်တာနက်လိုင်း အသုံး ပြုမှုတွေကို အကန့်အသတ်နဲ့ ထိန်းချုပ်ထားတာဖြစ်ပြီး ရွေးကောက်ပွဲပြီးနောက်ပိုင်းမှသာ လိုင်းတွေ ပြန်လည်ကောင်းမွန်လာမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး စစ်တပ်က သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

စစ်ကော်မရှင် ဆက်သွယ်ရေးဝန်ကြီးဌာနဘက်ကတော့ ချို့ယွင်းမှုတွေ ပြင်ဆင်နေချိန် နယ်စပ်ဖြတ် ကျော် ဖိုင်ဘာဆက်ကြောင်းတွေ ထပ်မံတိုးမြှင့် ချိတ်ဆက်ပေးထားလို့ လက်ရှိမှာ လိုင်းတွေ အထိုက်အလျောက်တော့ ပြန်လည်ကောင်းမွန်နေပြီလို့ ဆိုပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article