26 C
Yangon

မော်လိုက်မြို့နယ်၊ မော်လိုက်ကလေးကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀ ဝန်းကျင် မီးလောင် ပြာကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ မော်လိုက်ကလေးကျေးရွာကို စစ်တပ်က ကလေးမြို့ အခြေစိုက် ဒုတိယဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(ဒကစမှူး) ညွှန်ကြားချက်ဖြင့် ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ်အလုံး ၆၀ ဝန်းကျင် မီးလောင်ပြာကျခဲ့ကြောင်း မော် လိုက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၆ ရက် ညနေ ၄ နာရီခန့်အချိန် မော်လိုက်မြို့သို့ ရောက်ရှိနေသော ကလေး ဒုဒကစ မှူး ၏ ညွှန်ကြားချက်ဖြင့် မော်လိုက်အခြေစိုက် ခမရ ၃၆၄ ၊ ၃၆၅ ၊ ၃၆၆ တပ်ရင်းမှ စစ်သားများနှင့် မော်လိုက်မြို့ ကင်းတပ်ရွာ ပျူစောထီးများ ပူးပေါင်းပြီး မော်လိုက်ကလေးကျေးရွာသို့ ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် ပြည်သူပိုင် ပစ္စည်းများကို ခိုးယူပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် အလုံး ၆၀ ခန့် ပြာကျသွားကြောင်း သိရသည်။

“ အဲဒီမီးရှို့ခံရတဲ့ မော်လိုက်ကလေးကျေးရွာနဲ့ ပျူစောထီးကျေးရွာနဲ့က တစ်ဖာလုံလောက်ပဲဝေးတယ်။ အဲဒီကနေ စစ်တပ်နဲ့ပျူစောထီးတွေက မီးလာရှို့တာ။ အခုမီးရှို့ သွားတာက ချင်းတွင်းမြစ်နဲ့ပြောမယ်ဆိုရင် ရွာအောက်ဘက်ခြမ်းပေါ့၊ ကုလားစုလို့ခေါ်တဲ့ အိမ်ခြေ ၆၀ ဝန်းကျင်ရှိတဲ့ ရပ်ကွက်ကိုရှို့သွားတာ၊ ဘာမှ တိုက်ပွဲမဖြစ်ဘဲနဲ့မီးဝင်ရှို့သွားတာ” ဟု မော်လိုက် တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ မော်လိုက်ကလေးကျေးရွာသည် အိမ်ခြေ ၃၀၀ နီးပါး ရှိပြီး ကျေးရွာနေ ပြည်သူများမှာပြီး ခဲ့သည့် စက်တင်ဘာလက တည်းက စစ်ရှောင်နေကြရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article