21 C
Yangon

ထိုင်းနှင့်ကမ္ဘောဒီးယားတို့ တစ်ကျော့ပြန် စစ်ပြန်ဖြစ်ပြီး ထိုင်းလေတပ်က ကမ္ဘောဒီးယားစစ်စခန်းကို ဗုံးကျဲ၊ ကမ္ဘောဒီးယားကလည်း BM-21 ရုရှားထုတ်ဒုံးကျည်များဖြင့် ထိုင်းထဲသို့ ပြန်လည်ပစ်ခတ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

ထိုင်းနှင့်ကမ္ဘောဒီးယားတို့ နယ်စပ်နယ်မြေပိုင်ဆိုင်မှု အငြင်းပွားရာမှ တစ်ကျော့ပြန် စစ်ပြန်ဖြစ်ပြီး ထိုင်းလေတပ်က ကမ္ဘောဒီးယားစစ်စခန်းကို ဗုံးကျဲကာ ကမ္ဘောဒီးယားကလည်း BM-21 ရုရှားထုတ်ဒုံးကျည်များဖြင့် ထိုင်းထဲသို့ ပြန် လည် ပစ်ခတ်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

ယနေ့ နံနက် ၈ နာရီဝန်းကျင်အချိန်မှစတင်၍ ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနယ်မြေအတွင်းရှိ စစ်စခန်းအဖြစ် အသုံးပြုနေသော ကာစီနိုရုံတစ်ခုကို ဗုံးကျဲချလိုက်ပြီး ကမ္ဘောဒီးယားကလည်း ထိုင်းဘက်သို့ ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ယမန်နေ့ကလည်း ထိုင်းနှင့်ကမ္ဘောဒီးယားတို့ နယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုအတွင်း ထိုင်း စစ်သား ၁ ဦးသေဆုံးခဲ့ကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul ကလည်း အငြင်းပွားနေသည့် နှစ်နိုင်ငံနယ်စပ်သို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းပြီး လုံခြုံရေးဆိုင်ရာ အရေးပေါ် အစည်းအဝေးခေါ်ယူ နေကြောင်း၊ ထိုင်းစစ်တပ်၏ အဆိုအရ ကမ္ဘောဒီးယားက လက်နက်ကြီးများနှင့် အမြောက်များကို နယ်စပ်သို့ ရွှေ့ပြောင်းနေကာ ထိုင်းနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သတင်းများက ဆိုသည်။

ထိုင်းအစိုးရက ယမန်နေ့ကတည်းက နှစ်နိုင်ငံနယ်စပ်အနီး နေထိုင်သော ထိုင်းပြည်သူများကို ပြောင်းရွှေ့ခိုင်းထားခဲ့ပြီဖြစ်ပြီး နယ်စပ်တစ်လျှောက်တွင် ထိုင်းစစ်တပ်က စစ်အင်အားကို တိုးမြှင့်၍ ချထားကြောင်း သိရှိရသည်။

ထိုင်းနှင့်ကမ္ဘောဒီးယားတို့သည် နယ်မြေအငြင်းပွားမှုများကြောင့် ယခုနှစ် မေလတွင် ပစ်ခတ်မှုများစတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ၌ ယာယီ အပစ် ရပ်စဲခဲ့ကာ အမေရိကန်၏ စီစဉ်မှုဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်နိုင်ငံပစ်ခတ် ရပ်စဲမှုအပြီး ၅ လကျော်အကြာတွင် စစ်ပွဲများ ပြန်လည် စတင်ဖြစ်ပွားခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article