ဒီကနေ့ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့ရဲ့ ဆန္ဒပြဓာတ်ပုံတွေကို လိုက်လံပြသပြီး သတင်းပေးရင်ငွေကျပ် သိန်း ၂၀၀ ချီးမြှင့်မယ်ဆိုပြီး ပြည်သူတွေကို စစ်တပ်က လိုက်လံစည်းရုံးနေတယ်လို့ အမရပူရမြို့နယ်မှ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ဆန္ဒမဲပေးနိုင်တဲ့ Website မှာ ၄ ရက်အတွင်း ဆန္ဒမဲပေါင်း ၁သန်းကျော် ရရှိထားပြီး မဲ ၁ သန်းခွဲကျော်ရရှိဖို့ ပြည်သူတွေ ဆက်လက်ပါဝင်ဖို့ အဲဒီ Website ကို ဖန်တီးလိုက်တဲ့ နယ်စပ်အခြေစိုက်တော်လှန်ရေးအင်အားစုမှ ရဲဘော်ကျော်ကြီးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်ခန်းမကို ဖောက်ခွဲတိုက်ခိုက်ရာ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




