ယမန်နေ့ နေပြည်တော်သို့သွားရောက်၍ အကြမ်းဖက် မင်းအောင်လှိုင်၊ အကြမ်းဖက် ညိုစော အပါအဝင် အကြမ်းဖက် စစ်တပ်ခေါင်းဆောင်ပိုင်းနှင့်တွေ့ဆုံပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းကဲ့သို့ သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က လာမည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် ပိုမိုကျယ်ပြန့်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံရေးအသွင်ကူးပြောင်းမှု တစ်ရပ်ဖြစ်လာရန် မျှော်လင့်သည်ဟု အကြမ်းဖက် စစ်တပ်ခေါင်း ဆောင်များထံသို့ သတင်းစကားပါးခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် “အိမ်နီးချင်းနှစ်နိုင်ငံအကြား ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုကို ပြန်လည်အတည်ပြုခဲ့ကြပြီး ဘုံစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူညီခဲ့ကြောင်း ၊ထိုင်း-မြန်မာ နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တွေ့မြင်လိုသည်ဟု နှစ်ဖက်စလုံး အပြန်အလှန်ဖော်ပြခဲ့ကြပြီး နယ်စပ်အနီး စစ်ဆင်ရေးများကြောင့် ဒေသလူထုအပေါ် သက်ရောက်မှုများ ရှောင်ရှားနိုင်ရန် အထူးသတိထားဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် နှစ်ဖက်စလုံးက မူးယစ်ဆေးဝါးနှင့် အွန်လိုင်းကျားဖြန့် လိမ်လည်မှုများကို တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူခဲ့ကြကြောင်း၊ ဒီဇင်ဘာ ၁၇ ရက်မှ ၁၈ ရက်နေ့အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် “အွန်လိုင်းမှ လိမ်လည်မှုများ တန်ပြန်ရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညီလာခံ” သို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် တက်ရောက်နိုင်ရေး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက် မြန်မာစစ်တပ်ကို ဖိတ်ကြားခဲ့သည်ဟု သိရှိရသည်။
မြန်မာစစ်တပ်က လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်ထားသော်လည်း ၎င်းရွေးကောက်ပွဲများကို နိုင်ငံတကာအသိုင်းအ၀ိုင်းက လိမ်လည်မှုအဖြစ် ပြစ်တင်ဝေဖန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




