စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီးကုန်းကျေးရွာတွင် စစ်တပ်က ဓားစာခံပြည်သူ ၃ ဦးကို သတ် ဖြတ်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချောင်းဦးဆရာ တော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့သော အကြမ်းဖက်စစ်သားများသည် ဖမ်းဆီးလာသည့် ဓားစာခံ ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ်များအတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူကာ ကားငယ်ကြီး၊ ကားငယ်များဖြင့် နေ့ရောညပါ သယ်ဆောင်နေကြကြောင်း သိရသည်။
ထို့အပြင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာစာသင်ကျောင်းအတွင်းမှ တပ်စွဲထားကာ ဘေးပတ်ပတ်လည်ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း၊ ထို့ကြောင့် ကျီကုန်းကျေးရွာအပါအဝင် အနီးအနားကျေးရွာများမှ ပြည်သူများမှာ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
“ဓားစာခံဖမ်းလာတဲ့ ပြည်သူ ၃ ဦးကို ရွာထဲမှာ သတ်ထားတယ်။ ရွာက ရွာကြီးဆိုတော့ ခိုးခံရတဲ့ ပစ္စည်းတွေက အများကြီးပဲ၊ ခိုးသွားတဲ့ ပစ်စည်းတွေရဲ့ တန်ဖိုးက သိမ်းပေါင်းသောင်းကြီးဂဏန်း မက ရှိပါတယ်။ နေ့ရောညပါ ကားကြီး၊ ကားငယ်တွေနဲ့ သယ်နေကြတာ၊ စစ်သားအင်အားကလည်း လုံးဝ ထင်မထားလောက်အောင် သုံးထားတာ၊ လောလောဆယ် ကျီးကုန်းစစ်ကြောင်းရော၊ အမြင့်စစ် ကြောင်းရော ပေါင်းရင် ၅၀၀ ပတ်ချာလည်လောက်ရှိမယ်။ အခုကျီကုန်းရွာပတ်ချာလည်ကို လက် နက်ကြီးတွေနဲ့ ရမ်းထုနေလို့ အနီးနားကရွာတွေ အကုန်ရှောင်နေကြရပါတယ်” ဟု ချောင်းဦးဆရာ တော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။
အကြမ်းဖက်စစ်တပ်က ကျေးရွာအတွင်းရှိနေသေးပြီး တိုက်ပွဲများလည်းအချိန်မရွေးဖြစ်ပွားနိုင်သော ကြောင့် မုံရွာ-မန္တလေးလမ်းမကြီး၊ ခင်မွန်-ချောင်းဆုံံ လမ်း ၊ ချောင်းဦး-မယ့်သည်းကြိုးလမ်း၊ ချောင်း ဦး -အမြင့်လမ်းတို့အား လုံးဝ အသုံးမပြုကြရန် ချောင်းဦး ပကဖ က သတိပေးထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









