ဒေါက်တာတေဇာဆန်းကို ဖမ်းဆီးရရှိလျှင် ငွေကျပ် သိန်း ၃၀၀ နှင့် တစ်ဆင့်တိုးရာထူး တိုးပေးမည်ဟု စစ်ကော်မရှင်က လက်အောက်ငယ်သားများကို မက်လုံးပေး
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အာင်၊ မမေချီ(ခ) ချီချီ၊ မရွှန်း (ခ) ရွှန်းရွှန်းနှင့် အမျိုးသား ၄ ဦး စုစုပေါင်း ၁၀ ဦးက ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း၊ ထို့ကြောင့် ဒေါက်တာ တေဇာဆန်း အပါအဝင် ဆန္ဒပြသူ ၁၀ ဦးကို ဒီဇင်ဘာလ ၃ ရက်နေ့ ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၆ နယ်မြေရဲစခန်းတွင် ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (ခ) ဖြင့် အမှု့ဖွင့်ထားကြောင်း စစ်တပ်က ဆိုသည်။
ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (ခ)မှာ ရွေးကောက်ပွဲကို ပျက်ပြားစေရန် လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ပြီး ပြစ်မှု ထင်ရှားလျှင် ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်ရန် စစ်တပ်က ပြဋ္ဌာန်းထားသော ပုဒ်မဖြစ်သည်။
ယင်းအပြင် စစ်ကော်မရှင်က စစ်တပ်၊ ရဲ၊ ပျူစောထီးနှင့် ပြည်သူ့စစ်များကို ဒေါက်တာတေဇာဆန်းကို မိအောင် ဖမ်းဆီးပေးနိုင်ပါက လူပုဂ္ဂိုလ် ၁ ဦးချင်းစီအတွက် ငွေကျပ် သိန်း ၃၀၀ နှင့် တာဝန်ယူထားသော သက်ဆိုင်ရာအဖွဲ့အစည်းတွင် တစ်ဆင့်တိုး ရာထူးတိုးပေးမည်ဟု မက်လုံးပေးထားကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။
ပြည်သူများအနေဖြင့်လည်း ဒေါက်တာတေဇာဆန်းကို ဖမ်းဆီးရရှိရေး သတင်းပေးနိုင်ပါက ငွေကျပ် သိန်း ၂၀၀ ကို ငွေသား ချက်ချင်း ချီးမြှင့ပေးမည်ဖြစ်ကြောင်း စစ်တပ်က လိုက်လံစည်းရုံးနေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




