25 C
Yangon

KNU ဗဟိုဌာနချုပ်ရုံးနယ်မြေသို့ စစ်တပ်က အသေခံဒရုန်း ၆ စီးဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၇ နယ်မြေ၊ KNU ဗဟိုဌာနချုပ်နယ်မြေသို့ အကြမ်းဖက်စစ်တပ်က အသေခံဒရုန်း ၆ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KNU သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ အကြမ်းဖက်စစ်တပ်က KNU ဗဟိုဌာနချုပ်နယ်မြေအတွင်းသို့ အသေခံ ဒရုန်းများဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လက်ရှိ အချိန်အထိ အထိအခိုက်ရှိသည်ဟု မကြားရသေးကြောင်း KNU သတင်းရင်းမြစ်က ရှင်းပြသည်။

“မနက် ၂ နာရီခွဲကစပြီး ကာမီကာဇေ ဒရုန်းတွေနဲ့ လာကျဲတာ။ ဒရုန်းကမီးမပါဘူး အမှောင်ထဲမှာအနိမ့်ပျံလာတာ။ ဒုတိယအစင်းကမပေါက်ကွဲဘူး။ နောက်တော့ ၅ စင်းမြောက်၊ ၆ စင်းမြောက် တောက်လျှောက်လာတယ်။ လူအထိအခိုက်တော့မရှိဘူး” ဟု KNU သတင်းရင်းမြစ်က ပြောဆိုသည်။

ယခုနှစ် ဇွန် ၁၁ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန်ကလည်း စစ်ကောင်စီတပ် အသေခံဒရုန်း ၇ စီးဖြင့် KNU တပ် မဟာ ၇ နယ်မြေ၊ KNU ဗဟိုဌာနချုပ်ရုံးအနီးသို့ အသေခံဒရုန်း ၇ စီးဖြင့် စစ်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ အသေခံဒရုန်း ၇ စီးအနက်မှ ၅ စီးပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ပေ။

ယခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း KNU ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၇ နယ်မြေ၊ KNU ဌာနချုပ်ရုံးကို ကာမီကာဇီ အသေခံဒရုန်း ၂ လုံး တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် KNU တပ်မဟာ ၇ နယ်မြေ၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုဌာနချုပ်ရှိရာ နေရာကိုလည်း ကာမီကာဇီဒရုန်း ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

KNU ဗဟိုဌာနချုပ်ကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှုမှာ ယခုအကြိမ်ဆိုလျှင် ၄ ကြိမ်မြောက်ဖြစ်ပြီး ယခုနှစ်ဇန်နဝါရီလ၊ ဇွန်လနှင့် ၂၀၂၄ ခုနှစ်အောက်တိုဘာလအတွင်းကလည်း ၃ ကြိမ် အသေခံဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ဖူးသည်။

ဓာတ်ပုံ – KNU ဗဟိုဌာနချုပ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ဖူးသော အသေခံဒရုန်းများ။ (ပုံအဟောင်းများကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article