23 C
Yangon

မုံရွာမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့တွင် ပြည်လုံးကျွတ် အသံတိတ် သပိတ် ယနေ့ နံနက်အစောပိုင်းကတည်းက စတင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တို့တွင် ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန်မှစတင်၍ ပြည်လုံးကျွတ် အသံတိတ်သပိတ်တွင် စတင်ပါဝင်နေကြောင်း အဆိုပါမြို့များမှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ကျရောက်သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြည်လုံးကျွတ် အသံတိတ်သပိတ်ဖြင့် စစ်တပ်၏ အတုအယောင်​ ရွေးကောက်ပွဲကို ဆန့်ကျင်ရေး လုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်ထားရာ အညာဒေသဖြစ်သော မုံရွာနှင့် ပခုက္ကူတို့တွင် ယနေ့ နံနက် အစောပိုင်းမှပင် အသံတိတ် သပိတ် စတင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မုံရွာမြို့ပေါ်က မနက် ၉ နာရီခွဲလောက်ကတည်းက လူအသွားအလာ အတော် နည်းသွားတယ်။ ဆိုင်တွေ စျေးတွေလည်း ဖွင့်တယ်။ လာဝယ်မယ့်သူမရှိဘူး” ဟု မုံရွာဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်အာဏာရှင် တော်လှန်ရေး အားကောင်းသော ပခုက္ကူမြို့နယ်တွင်လည်း ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်ဝန်းကျင်မှစတင်၍ လမ်းပေါ်တွင် လူသူကင်းမဲ့သွားပြီး ပြည်သူများက အသံတိတ် သပိတ်တွင် စတင်ပါဝင်နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယနေ့ နံနက် ၁၀ နာရီအချိန် ပခုက္ကူမြို့နယ်နှင့် မုံရွာမြို့နယ်အတွင်း အသံတိတ်သပိတ်စတင်ပါဝင်နေစဉ်။

Photo – ပြည့်ဖြိုးကျော်နှင့် CJ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article