25 C
Yangon

ရန်ကုန်မြို့၊ မင်္ဂလာစျေးအတွင်း ဆိုင်မပိတ်ရန်နှင့် အသံတိတ် သပိတ်တွင် မပါဝင်ရန် စစ်တပ်နှင့်စည်ပင်က စျေးအတွင်း လာရောက်စောင့်ကြည့်ဖိအားပေး၊ စျေးဆိုင်များသာ ဖွင့်ထားပြီး ဝယ်သူမရှိတော့ဘဲ ခြောက်ကပ်တိတ်ဆိတ်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရန်ကုန်မြို့၊ မင်္ဂလာစျေးအတွင်း ဆိုင်မပိတ်ရန်နှင့် အသံတိတ် သပိတ်တွင် မပါဝင်ရန် စစ်တပ်နှင့်စည်ပင်က စျေးအတွင်း လာရောက်စောင့်ကြည့်ဖိအားပေးလျက်ရှိကြောင်း စျေးသူ စျေးသားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ကတည်းက စျေးစည်ပင်က ဒီဇင်ဘာလ ၁၀ ရက်နေ့ အသံတိတ်သပိတ်တွင် မပါဝင်ရန်နှင့် ဆိုင်များ မပိတ်ကြရန် သတိပေးထားပြီး စစ်တပ်နှင့်စည်ပင်က ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ စျေးအတွင်း လာရောက်စောင့်ကြည့်နေကြောင်း၊ လက်ရှိ ပုံမှန်အားဖြင့် စျေးဝယ်သူများဖြင့် စည်ကား ရှုပ်ထွေးနေလေ့ရှိသော မင်္ဂလာစျေးတွင် စျေးဆိုင်များသာ ဖွင့်လှစ်ထားပြီး ဝယ်သူမရှိတော့ကြောင်း၊ တစ်စျေးလုံး ခြောက်ကပ်နေကြောင်း ပြောဆိုသည်။

“စျေးထဲမှာရော လမ်းပေါ်မှာရော လူမရှိတော့ဘူး။ လူရှင်းနေပြီ။ ၉၀ ရာခိုင်နှုန်းလောက် ရှင်းလင်းသွားတာ။ လူတွေ အပြင်မထွက်ကြတော့ဘူး” ဟု မင်္ဂလာစျေးမှ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article