25 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်လုံးကျွတ် အသံတတိတ်သပိတ်ကို ရန်ကုန် မန္တလေးလို မြို့ကြီးတွေအပါအဝင် တနိုင်ငံလုံးပါဝင်ဆင်နွဲခဲ့ကြပြီး အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ သပိတ်အင်အားစုတွေကပြောပါတယ်။
  • ရန်ကုန်မြို့က အသံတိတ်သပိတ်နဲ့ပက်သက်ပြီး ဒီကနေ့ အသံတိတ်သပိတ် ပြုလုပ်တဲ့ မနက် ၁၀ နာရီကနေညနေ ၃ နာရီအတွင်း အသံတိတ်သပိတ်ပြုလုပ်တဲ့အချိန် ရန်ကုန်မြို့က လမ်းမပေါ်တွေမှာ လူသွားလူလာလျော့ကြသွားသလို စစ်တပ်နဲ့ရဲတွေကလည်း လမ်းဆုံလမ်းခွနေရာတိုင်းမှာ လုံခြုံရေး တွေတင်းကြပ်ထားပြီး CCTV ကနေပါ ဓါတ်ပုံရိုက်တဲ့သူတွေကို ဖမ်းဆီးဖို့အတွက်စောင့်ကြည့် ခဲ့ကြတ ယ်လို့ ရန်ကုန်မြို့နယ်နေပြည်သူတွေနဲ့ ကင်းထောက်အဖွဲ့တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးမြို့မှာလည်း ပြည်သူတွေက ဒီကနေ့ ပြုလုပ်တဲ့ အသံတိတ် သပိတ်မှာပါဝင်ခဲ့ပြီး မနက် ၁၀ နာရီကနေ ၃ နာရီအတွင်း မြို့ပေါ်မှာ လူအသွားအလာ မရှိသလောက်နည်းပါးခဲ့သလို ၊အကြမ်းဖက် စစ်တပ်ကတော့ အသံတိတ်သပိတ်ကိုဖျက်ဆီးဖို့ဆိုပြီး မြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ပြီးတော့ ချောတိုင်တက်ပွဲနဲ့ ဘောလုံးပြိုင်ပွဲတွေလုပ်ခိုင်း ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article