23 C
Yangon

ထိုင်းနိုင်ငံတွင်း ရှိ မြန်မာ အပါအဝင် တရားမဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့် ဘတ်အသစ်ကို ဒီဇင်ဘာ ၁၂ ရက်နေ့ စဖွင့်ပေးမည်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ထိုင်းနိုင်ငံ အလုပ်သမားနှင့် လူဝင်မှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ထိုင်းနိုင်ငံတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေကြသော မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံသားများအတွက် အလုပ်လုပ်ခွင့် (Work permit / ဘတ်) လျှောက်ထားနိုင်မည့် အစီအစဉ်ကို ဒီဇင်ဘာ ၁၂ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအစီအစဉ်သည် လက်ရှိတွင် ထိုင်းနိုင်ငံရှိ အလုပ်သမားများ အတွက် တရားဝင်အလုပ်လုပ်နိုင်ခွင့်၊ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ခွင့်များ ကို ပံ့ပိုးပေးရန် ရည်ရွယ်ထားကြောင်း၊ လျှောက်ထားရမည့် ကာလသည် ဒီဇင်ဘာ ၁၂ ရက်မှ ၂၆ ရက် အထိ ဖြစ်ပြီး အလုပ်ရှင်တွင် စာရင်းတင်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ အာမခံဝယ်ယူခြင်း စသည့် လိုအပ်ချက်များ ပြည့်စုံပါက တစ်နှစ်တာ အလုပ်ခွင့်စာရွက် (permit) ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“အဓိကကတော့ မှန်ကန်တိကျတဲ့ အေဂျင်စီ အကျိုးဆောင်နဲ့ လုပ်ဖို့ သတိပေးချင်ပါတယ်။ ပြီးတော့ ငွေပေးချေရင် သက်သေတွေယူထားဖို့၊ လိုင်းပေါ်က နာမည်ကြီးတဲ့ ကြုံတဲ့ ပွဲစားနဲ့ မလုပ်နဲ့ဖို့လည်း သတိထားစေချင်ပါတယ်”ဟု အေအေစီ ကိုရဲမင်းက ဘတ်အသစ် ပြုလုပ်ခြင်းနှင့်ပတ်သက်၍ သတိပေးပြာကြားသည်။

ထိုင်းအစိုးရက ၂၀၂၅ ခုနှစ်တွင် တရားမဝင်အလုပ်သမားများ တိုးပွားနေမှုကြောင့် ဤအလုပ်ခွင့်အစီအစဉ်ကို အထူးတိုးချဲ့လိုက်ခြင်းဖြစ်ကြောင်း ၊ အလုပ်သမားအခွင့်အရေး စောင့်ကြည့်လေ့လာသူများ၏ အဆိုအရ ထိုင်းနိုင်ငံတွင်း မြန်မာအလုပ်သမား ၄ သန်းနီးပါး မှာ တရားဝင်စာရွက်စာတမ်း မရှိသူများဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ထိုင်းရောက် မြန်မာအလုပ်သမားများ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AFP။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ထိုင်းရောက် မြန်မာအလုပ်သမားများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article