စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကျီကုန်းရွာရှိ နေအိမ်များကို မီးရှို့ဖျက်စီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ကျဲချတိုက်ခိုက်ခဲ့ကြောင်း Burmese Peacock Defense Force-BPDF (မြိုင်-ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ချောင်းဦးမြို့နယ် ကျီကုန်းရွာရှိ ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူကာ နေအိမ်များကို မီးရှို့ဖျက်စီးနေသော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Rc plane များဖြင့် ဗုံးသီးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“ကျီကုန်းရွာကို မီးရှို့နေတဲ့ စစ်ကြောင်းက နယ်မြေခံ အဖွဲ့စည်းတွေ ပြောပြချက်အရတော့ ခန့်မှန်းခြေ အင်းအား ၂၀၀ ဝန်းကျင်လောက် ရှိတယ်လို့ရတယ်။ ကင်းထောက် Drone ကလည်း မီးခိုးတွေကြားထဲကနေ လွှတ်ရတော့ ဘာမှမမြင်ရဘဲ စစ်ခွေးဘက်က ထိခိုက်မှုတွေကတော့ မသိရသေးဘူး။ စစ်ခွေးတွေက ကျီကုန်းကျေးရွာကို မီးစရှို့တဲ့ အချိန်မှာ ကျွန်တော်တို့ဘက်က ဒရုန်းနဲ့ စပြီး ဗုံးသီးချခဲ့တာပါ။ ကျွန်တော်ဘက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အချိန်ကတော့ ခန့်မှန်းခြေ ညနေ ၄ နာရီခွဲ လောက်ရှိမယ်” ဟု Burmese Peacock Defense Force-BPDF (မြိုင်-ပကဖ) မှတာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗမာ့ဒေါင်း Drone တပ်ဖွဲ့မြိုင်နယ်(ပကဖ) ၊ မုံရွာခရိုင် အမှတ်(၄)တပ်ရင်း ၊ အညာဖိုက်တာ Local PDF မဟာမိတ် အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
အလားတူ မကွေးတိုင်း၊ ချောက်မြို့နယ်၊ ချောက် – စလေ လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Tiger Fighter Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ချောက်မြို့နယ်ရှိ ချောက် – စလေ လမ်းပိုင်း တနေရာတွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော စစ်ကား ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“ကျနော်တို့ လက်ရှိမှာ သိရတာတော့ စစ်ခွေး သေဆုံး ၂ ကောင် သေတယ်လို့ သိရတယ်။ နောက်ထပ်လည်း သတင်းလိုက်နေတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Tiger Fighter Force မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ချောက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ( ချောက် ပကဖ ) ၊ Chauk Guerrilla Force ( ချောက်မြို့နယ် ပကဖ လက်ရုံးစစ်ကြောင်း ) ၊ BURMA ARMY နှင့် Tiger Fighter အဖွဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ထို့အတူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရာမညမွန်တပ်တော် – RMA က ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က သံဖြူဇရပ်မြို့နယ်အတွၚ်းရှိ တပ်များပူးပေါၚ်း ထားသော အင်အား ၁၀၀ ခန့်ပါ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က သံဖြူဇရပ်မြို့နယ်၊ ကလိုင် ပဒေါ ကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘက်သို့ စစ်ကြောၚ်း ထိုးကာ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ရာမညမွန်တပ်တော် (RMA) ဒေသ လှုပ်ရှားတပ်ဖွဲ့များက ရၚ်ဆို ၚ်တိုက်ပွဲဖြစ်ဆင်နွှဲခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီ ကျော် ဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း ရာမညမွန်တပ်တော် ဒေသလှုပ်ရှားတပ်ဖွဲ့ဘက်မှ ရဲဘော်များ အထိအခိုက် မရှိ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့သော်လည်း တပ်သုံးယာဉ်အချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
တိုက်ပွဲပြီးဆုံးချိန်မှစ၍ ဒီဇင်ဘာလ ၆ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုပိုင် ခြံများ ရှိရာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ရာမညမွန်တပ် တော်က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ကားကို ပစ်ခတ်တိုက်ခိုက်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




