ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အမှတ် ၁ သန်လျင် ရေနံချက်စက်ရုံ ပြန်လည် လည်ပတ်ရေးနှင့် စက်ရုံသစ်စီမံကိန်းအတွက် မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံ၊ သမ္မတဟောင်း သိန်းစိန်သမီး ၁ ဦး ရှယ်ယာပါဝင်နေသော Myan Oil ကုမ္ပဏီနှင့် Heyday ကုမ္ပဏီတို့က လုပ်ပိုင်ခွင့်ရရှိထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
စွမ်းအင်ဝန်ကြီးဌာနသည် စက်သုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမှတ် ၁ ရေနံချက်စက်ရုံ(သန်လျင်)ကို စက်ရုံအသစ်အဖြစ် ပြန်လည် ပြုပြင်ပြီး ပထမအဆင့်အနေဖြင့် တစ်နှစ်လျှင်ရေနံစိမ်းတန်ချိန် ငါးသိန်းချက်လုပ်နိုင်သော Modular Type စက်ရုံအဖြစ် ပြောင်းလဲလျက်ရှိကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ၁ နှစ်လျှင် ရေနံစိမ်း တန်ချိန် ၃ သန်း ချက်လုပ်နိုင်သော ရေနံချက်စက်ရုံအသစ်အဖြစ် တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ စီမံကိန်းများအတွက် အောင်ပြည့်စုံ ဦးဆောင်သော ပါဝင်နေသော Prime စွမ်းအင်ကုမ္ပဏီ၊ သမ္မတဟောင်း သိန်းစိန်သမီး ၁ ဦး ရှယ်ယာပါဝင်နေသော Myan Oil ကုမ္ပဏီနှင့် Heyday ကုမ္ပဏီတို့က လုပ်ပိုင်ခွင့်ရရှိထားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပထမအဆင့် ရေနံစိမ်းတန်ချိန် ၅ သိန်းချက်လုပ်ပြီး စက်သုံးဆီ ထုတ်မယ့် စီမံကိန်းက နောက်နှစ်ဆန်းလောက်တော့ စလည်မယ်လို့ မှန်းထားတယ်။ စက်ရုံအသစ်ရော၊ မူလစက်ရုံအဟောင်းကိုရော ပြန်ပြီး Update လုပ်နေတာ။ တစ်ပြိုင်နက်တည်း လုပ်နေတာ။ တပ်ချုပ်သားရဲ့ Prime စွမ်းအင်ကုမ္ပဏီကတော့ လုပ်ပိုင်ခွင့် ၆၀ ရာခိုင်နှုန်းလောက်ရတယ်။ ကျန်တဲ့ကုမ္ပဏီတွေကတော့ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကို ခွဲဝေရကြတာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
မင်းအောင်လှိုင်က ကာလရှည်ကြာအောင် ရပ်နားထားသော အမှတ် ၁ ရေနံချက်စက်ရုံ(သန်လျင်)ကိုပြန်လည် လည်ပတ်ရန် အမိန့်ပေးခဲ့ပြီးနောက် မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံ အပါအဝင် ကုမ္ပဏီများက လုပ်ပိုင်ခွင့်များ အသီးသီး ရရှိခဲ့ခြင်းဖြစ်သည်။
မင်းအောင်လှိုင်က စက်သုံးဆီများ ပြည်ပမှ တင်သွင်းရာတွင် ကုန်ကျစရိတ်များနေ၍ ပြည်တွင်းတွင် ရေနံစိမ်းချက်လုပ်၍ စက်သုံးဆီများ ထုတ်လုပ်နိုင်ရန်အတွက် အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ပြန်လည် လည်ပတ်ရမည်ဟုဆိုကာ စက်ရုံအဟောင်းအဆင့်မြှင့်တင် လည်ပတ်ရေးနှင့် ရေနံချက်စက်ရုံသစ် စီမံကိန်းကို စတင်ခဲ့ခြင်းခြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







