ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ လွတ်လပ် တရားမျှတမှု မရှိနိုင်ဘူးလို့ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဗြိတိန်နဲ့ ဩစတြေးလျအစိုးရတို့က မနေ့ကကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
- စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းရွာက ပျူစောထီးတွေ ရိက္ခာသယ်ပြီးပြန်လာစဉ် ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ ၈ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ငွေတွင်း Revolution Force – NDRF မှတာဝန်ခံ ကိုစစ်နိုင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် ကေတုမတီလေတပ်စခန်းက ဆီသိုလှောင်ကန်တွေကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိထိမိမိတိုက်ခိုက်နိုင်ခဲ့ပြီး နာရီဝက်ခန့် ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




