27 C
Yangon

ချောင်းဦးမြို့ထွေအုပ်ရုံးနှင့် ဘောလုံးကွင်းအတွင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့် စစ်အုပ်စုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ ဒီဇင်ဘာလ ၁၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ထွေအုပ်ရုံးနှင့်ဘောလုံးကွင်းအတွင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေသည့် စစ်အုပ်စုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း စစ်ကိုင်းခရိုင် အမှတ် ၁၈၂၅ ဒရုန်းတပ်ရင်း -SDDF တပ်ဖွဲ့မှ မြေပြင်ထေက်လှမ်းရေးတာဝန်ခံ ရဲဘော် မာဝီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၂ နာရီ ၃၀ မိနစ်အထိ ချောင်းဦးမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး နှင့် ဘောလုံးကွင်းအတွင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့် အကြမ်းဖက်စစ်အုပ်စု ကို Fixed Wings Drone များဖြင့် ဗုံး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိပြီး ပစ်ခတ်နေသည့် လက်နက်ကြီးများ ချထားခဲ့ကာ စခန်းအတွင်းပြေးဝင်သွား ကြောင်း သိရသည်။

“ကျနော်တို့ ဗုံး ၆ လုံးချခဲ့တာပါ၊ လက်နက်ကြီးအထိုင်စခန်းက စခတွေက ဗုံးကျတာနဲ့ စခန်း ထဲကို ပြေးဝင်သွားတယ်လို့ သိရပါတယ်။လက်နက်ကြီးပစ်ခတ်တာလည်း ရပ်သွားပါတယ်။ ဆက်မ ပစ်တော့ဘူး။ ည ၉ နာရီကျော်မှ ပြန်ပစ်ပါတယ်။ အထိ အခိုက်ကရှိနိုင်ပါတယ်။ အတိအကျတော့ မသိရ သေးဘူး။” ဟု စစ်ကိုင်းခရိုင် အမှတ် ၁၈၂၅ ဒရုန်းတပ်ရင်း -SDDF တပ်ဖွဲ့မှ မြေပြင်ထေက်လှမ်းရေး တာဝန်ခံ ရဲဘော် မာဝီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် ၁၈၂၅ ဒရုန်းတပ်ရင်း – SDDF ၊ CHU PDF နှင့် HAWK GUERRILLA FORCE တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့ စစ်ရေးသတင်းတွေကို သေချာလေးနားထောင်ပေးပါလို့ သတိပေးချင်ပါ တယ်။ ကျနော်တို့ဘက်မှာက မြို့ပေါ်ကနေ လက်နက်ကြီးနဲ့ခဏခဏ ပစ်ပစ်နေတော့ မိဘပြည်သူ တွေအနေနဲ့ အထူးဂရုစိုက်နေထိုင်ပေးစေချင်တာပါ။ ဆောင်းတွင်းလည်းရောက်ပြီဆိုတော့ ကျန်း မာရေး၊ လုံခြုံရေးအထူးဂရုစိုက်ကြပါလို့ မှာချင်ပါတယ်” ဟု စစ်ကိုင်းခရိုင် အမှတ် ၁၈၂၅ ဒရုန်း တပ်ရင်း -SDDF တပ်ဖွဲ့မှ မြေပြင်ထေက်လှမ်းရေးတာဝန်ခံ ရဲဘော် မာဝီက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က လက်ရှိ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး သံဃာတော်များနှင့် ပြည်သူများကို သတ်ဖြတ်ခြင်း၊ ကျေးရွာကို မီးရှို့ခြင်းနှင့် ပြည်သူပိုင် အဖိုးတန်ပစ္စည်းများကို လုယက်ခြင်းများ လုပ်ဆောင်နေသဖြင့် ထောင်ချီသော ပြည်သူများမှာ စစ်ဘေးရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article