32 C
Yangon

စလေမြို့ အဝင် ဘီယာဆိုင်တွင် သောက်စားမူးရူးနေသော ပျူစောထီး ခေါင်းဆောင် မိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့ အဝင် ဘီယာဆိုင်တွင် သောက်စားမူးရူးနေသော ပျူစောထီး ခေါင်းဆောင် မိုးအောင်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မကွေးတိုင်း စစ်ဌာန အမှတ် – ၁ တပ်ရင်း ပြည်သူကာကွယ်ရေးတပ်မတော် မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ချောက်မြို့နယ်၊ စလေမြို့အဝင် ဘီယာဆိုင်တွင် သောက်စားမူးရူးနေသော ချောင်းပိုက်ရွာမှ ပျူစောထီး ခေါင်းဆောင် မိုးအောင်ကို မကွေးခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲမှူး ဦးဆောင်သော ရဲဘော်များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင်မိုးအောင်ထံမှ သေနတ် ၁ လက် ၊ ကျည်ဘောက် ၁ ခု၊ ကျည် ၁၀ တောင့် တို့ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“ဒီနေ့ ရှင်းလင်းခဲ့တာပါ။ ပျူစောထီး ခေါင်းဆောင် မိုးအောင် ကိုင်ဆောင်တဲ့ လက်နက်တော့ ရယူနိုင်ခဲ့တယ်။ ပျူစောထီးခေါင်းဆောင် မိုးအောင်သေတာတော့ အတည်ပြုနိုင်ပါတယ်။ ပစ်ခတ်ရှင်းခဲ့တဲ့နေရာ ချောက်မြို့နယ်၊ စလေမြို့အဝင် ဘီယာဆိုင်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တာပါ”ဟု မကွေးတိုင်း စစ်ဌာန အမှတ် – ၁ တပ်ရင်း ပြည်သူကာကွယ်ရေးတပ်မတော် မှ တာဝန်ရှိသူက ပြောဆိုသည်

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article