ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်းနှင့်ဖားကန့်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူ ၈၀ ကျော်ကို စစ်မှုထမ်းတပ်သားအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၅ ရက်ကာလအတွင်း မြစ်ကြီးနား-မိုးညှင်း ပြည်ထောင်စုလမ်းပိုင်းရှိ ကျေးရွာအချို့နှင့် မြစ်ကြီးနား -ဖားကန့်လမ်း၊ မိုးကောင်း – ဖားကန့်လမ်း ၊ မိုးကောင်း – ဟိုပင်လမ်း၊ ဟိုပင်- အင်းတော် ကြီးလမ်း၊ ဟိုပင်- မိုးညှင်း လမ်းများတွင် ဒေသနေပြည် သူများနှင့်ခရီးသွားပြည်သူ ၅၀ ဦးကျော်ကို စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၂၀ အတွက် ဖမ်းဆီးသွား ကြောင်း သိရသည်။
ထို့အပြင် ဟိုပင်မြို့အနီး မိုးကောင်းမြို့နယ်အတွင်းရှိ နန်းခွင်ကျေးရွာထဲမှ ပြည်သူ ၂၀ ခန့်ကိုလည်း အကြမ်းဖက်စစ်တပ်နှင့် SNA တပ်ဖွဲ့တို့ ပူးပေါင်း၍ ဖမ်းဆီးခဲ့ကြောင်း၊ အလားတူ ပင်းဘောတိုက်နယ် အတွင်း၌လည်း ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့ကို သွားရောက်မည့် ပြည်သူ့အချို့ကိုလည်း ရှမ်းနီပြည်သူစစ်နှင့် ကားသမားပေါင်း၍ ဆားမှော်ကျေးရွာအနီး ပြွန်သုံးလုံးရွာ လမ်းမအနီးရှိ တပ်ထဲတို့ ကားပါ မောင်းနှင်ကာ ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ဟိုပင်၊ နန်းရင်းကျေးရွာအနီးတိုက်ပွဲမှာလည်း စခတွေဘက်ကအထိနာလို့ ပေါ်တာဆွဲဖမ်းဖို့ရှိတယ် လို့ ဟိုပင်ဒေသခံတွေက ပြောပါတယ်၊ စကမတပ်က တောက်လျှောက်ဖမ်းဆီးတာတွေလုပ်နေလို့ အခုချိန် ခရီးတို၊ ခရီးရှည်သွားမယ့် မိဘပြည်သူတွေ အနေနဲ့ သတိထားသွားလာကြဖို့ သတိပေးလို ပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က ယခုဒီဇင်ဘာလလယ်တွင် စစ်မှုထမ်းသင်တန်းအပတ်စဉ် ၂၀ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ပြည်သူများကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
Photo- CJ ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




