27 C
Yangon

တောင်ငူမြို့နယ်၊ ကျေးရွာများသို့ စစ်ကြောင်းထိုးရန် ထွက်လာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိနိုင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျေးရွာများသို့ စစ်ကြောင်းထိုးရန်ထွက်လာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၂ နာရီခန့်အချိန် တောင်ငူမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန်ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့ကြောင်း သိရှိရသည်။

“ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်က တောင်ငူမြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို စစ်ခွေးတွေ စစ်ကြောင်းထိုးဝင်ရောက်လာလို့ ထိတွေ့မှုဖြစ်တာပါ။ စစ်တောင်းမြစ်ကိုကူပြီးထွက်လာတဲ့စစ်ကြောင်းပါ။ ကျနော်တို့ မဟာမိတ်တပ်တွေ ပြန်လည်ခုခံရင်း ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်။ စစ်တောင်းမြစ်ကို ဖြတ်ကူးလာတာတော့သိရတယ်။ ဘယ်က ထွက်လာတာလဲတော့ မသိဘူး မြစ်ကိုကူးလာမှ သိတာ စစ်တောင်းအရှေ့ဘက်ကမ်းမှာကတော့ ကမ်းပါးနီ ရွာနဲ့ပဒဲရွာတွေမှာ စစ်ခွေးရှိတယ်။ စစ်ခွေး အင်အား ခန့်မှန်းခြေ ၃၀၀ ကျော်လောက်ရှိမယ် အလုံးအရင်းနဲ့ ထိုးတာပါ” ဟု ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်ရှိအချိန်အထိ တောင်ငူမြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တလျှောက်ရွာများကို ဆက်လက် စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မူကို ဝရဇိန် ချေမှုန်းရေးတပ်ဖွဲ့ နှင့် မဟာမိတ် ရဲဘော်များတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ် စစ်ကြောင်းကြောင့် စစ်တောင်းမြစ် တလျှောက်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article