မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော နေရာကို တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း TGYR – Youth Guerrilla Counter Revolution -NZ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ငါန်းဇွန်မြို့မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် လယ်ဝန်းကုန်းကျေးရွာကို ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ ဗုံး ၃ လုံး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်တပ်ကလည်း လယ်ဝန်းကုန်းကျေးရွာ အနီးနားရှိ မဂျီကျေးရွာမှ ပြည်သူများ တောတွင်း၌ တောင်ယာလုပ်ကိုင်နေသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လယ်ဝန်းကုန်ကျေးရွာမှ ငါန်းဇွန်မြို့သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ၎င်းတို့ဆုက်ခွာသွားကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော်များကလည်း ငါန်းဇွန်မြို့ အနီးရှိ ညောင်ချင်းရွာ စာသင်ကျောင်းအတွင်း၌ တပ်ဆွဲထားသော အကြမ်းဖက် စစ်သားများကိုလည်း ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးကာ စစ်တပ်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“လယ်ဝန်းကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်တာကတော့ စစ်ခွေး ၅ ကောင် ခွေးပြေးဝက်ပြေး ဝင်ပြေးတာတော့တွေ့ရတယ်။ ၂ ကောင်ကတော့ ထိတယ်။ မပြေးနိုင်လို့ ဗုံးထိသွားတာ ညောင်ကျင်းရွာ စာသင်ကျောင်းမှာ အထိုင်ချထားတဲ့ စစ်ခွေးတွေကို တိုက်ခိုက်တာကတော့ ထိခိုက်သေဆုံးမှုစာရင်း မသိရသေးဘူး။ ကျနော်တို့ တိုက်ခိုက်မှု ပြုလုပ်ပြီး ညနေ ၅ နာရီ ၃၀ မိနစ်မှာတော့ စစ်ခွေးတွေက ငါန်းဇွန်မြို့က လက်နက်ကြီးနဲ့ တောင်ဘက်ကို ပစ်ခတ်ပြီး ကား ၄ စီးနဲ့ ညောင်းကျင်းရွာကို တက်သွားတယ်” ဟု TGYR – Youth Guerrilla Counter Revolution -NZ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို TGYR-YouthGuerrilllaCounterRevolution-NZ မြင်းခြံခရိုင် အမှတ် ၁၁ တပ်ရင်းမှ ဦးဆောင်ခဲ့ပြီး ညီနောင်မဟာမိတ် လက်ရုံးတပ်ဖွဲ့ 925 ပြောက်ကျားတပ်ဖွဲ့နှင့် အတူ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၊ တော်လှန်ရေး တပ်ဖွဲ့ဘက်မှ Fixed Wings Drone ၁ စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




