27 C
Yangon

ဖလမ်းမြို့သို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို ချင်းတော်လှန်ရေးတပ်ပေါင်းစုကခုခံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းများနှင့် သုံ့ပန်းတချို့ ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို ချင်းတော်လှန်ရေးတပ်ပေါင်းစုကခုခံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းများနှင့် သုံ့ပန်းတချို့ ဖမ်းဆီးရရှိကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းဖြင့် ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းကို ချင်းတော်လှန်ရေး တပ်ပေါင်းစုက ခုခံတိုက်ခိုက်ရာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲတွင်း စစ်တပ်ဘက်မှ ၂၀ ခန့်သေဆုံးပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း ၊ စစ်တပ်က အထိနာသည့်အတွက် တိုက်လေယာဉ်ဖြင့် ယမန်နေ့ တစ်နေ့လုံး ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ဖလမ်းဘက်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကို CB ရော CNA ရော ချင်းတော်လှန်ရေးတပ်တွေ အကုန် စုပေါင်းပြီး ခုခံတိုက်ခိုက်တာပါ။ စစ်တပ်ဘက်မှာ အနည်းဆုံး ၂၀ လောက်တော့ ထိခိုက်သေဆုံးမှုရှိတယ်။ စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းက လက်နက် ၃၀ လောက်နဲ့ ခဲယမ်းတွေရတယ်။ တော်လှန်ရေးတပ်ပေါင်းစုဘက်မှာ ကျဆုံးသူမရှိပါဘူး။ အားလုံးညီညီညွတ်ညွတ်နဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်နေပါတယ်” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်ရာတွင် မြေပြင်စစ်ကြောင်းသာမက လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကြောင်း၊ ချင်းပြည်နယ်ဘက်သို့ စစ်ကြောင်းများခွဲ၍ ထိုးစစ်များ ဆင်လာနေကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article