27 C
Yangon

ကျားဖြန့်အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကို ကွင်းဆက် စီးပွားရေးလုပ် ငန်းများအဖြစ် ရှုမြင်ရမည်ဟု စစ်တပ်ခန့် ပြည်ထဲ ရေးဝန်ကြီး ထွန်းထွန်းနောင် ပြောဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

မြန်မာနိုင်ငံရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကို ကွင်းဆက် စီးပွားရေးလုပ်ငန်းများအဖြစ် ရှုမြင်ရမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်တပ်ခန့် ပြည်ထဲရေးဝန်ကြီးဆိုသူ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောဆိုလိုက်သည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော ကျားဖြန့် လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျားဖြန့် Scam Center စင်တာများ တည်ရှိနေသော်လည်း အဓိက အကျိုးအမြတ် ရရှိသူမဟုတ်ဘဲ လိမ် လည်မှုမှ ရရှိသော ငွေကြေးများအားလုံးမှာလည်း မြန်မာနိုင်ငံ၏ဘဏ်စနစ်အတွင်းသို့ မရောက်လာကြောင်း၊ ကျားဖြန့် ငွေလိမ်လည်မှုများကို ကွင်းဆက်စီးပွားရေးလုပ်ငန်းများအဖြစ် ရှုမြင်ရမည်ကြောင်း ပြည်ထဲရေးဝန်ကြီးဆိုသူ ထွန်းထွန်းနောင်က ပြောသည်

အွန်လိုင်းငွေလိမ်လည်သော ရာဇဝတ်မှုများသည် မြန်မာနိုင်ငံ၏ နယ်မြေအတွင်း တည်ရှိနေခြင်းထက် ကွင်းဆက်များစွာဖြင့် လည်ပတ်နေသော စီးပွားရေးလုပ်ငန်းအဖြစ် ရှုမြင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် Scam Center တည်နေရာ ဖြစ်သော်လည်း ယင်းရာဇဝတ်မှု၏ အရင်းအမြစ်နှင့် အဓိက အကျိုးအမြတ်ရရှိသူ မဟုတ်ကြောင်း၊ ၎င်းလုပ်ငန်းအတွက် လူကုန်ကူးခံရသူအားလုံးသည် မြန်မာနိုင်ငံသားများမဟုတ်သလို လိမ်လည်မှုမှ ရရှိသော ငွေကြေးအားလုံးသည်လည်း မြန်မာနိုင်ငံ၏ ဘဏ်စနစ်အတွင်း ရောက်ရှိလာခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကျားဖြန့်များမှာ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်၍ ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ မော်တော်ယာဉ်၊ လေ ယာဉ်တို့ဖြင့် သွားရောက်ခြင်း၊ မဲဆောက်မြို့မှတစ်ဆင့် သောင်ရင်းမြစ်အား တရားမဝင် ဖြတ်ကူး၍ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ကုမ္ပဏီများသို့ သွားရောက်ခြင်း၊ တရားဝင် ဗီဇာဖြင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ရောက်ရှိပြီး​ မော်တော် ယာဉ်ဖြင့် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းသို့ သွားရောက်တို့ဖြစ် ကြောင်း ၊ ရာခိုင်နှုန်းအားဖြင့် မဲဆောက်ဘက်မှ ကူးလာသူ ၉၉ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ပြီး ပြည်တွင်းလမ်းကြောင်းမှ သွားရောက်သူ သုည ဒသမ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျားဖြန့် နေရာများတွင် တည်ဆောက်ထားသည့် အဆောက်အအုံများအတွက် လိုအပ်သော အိမ်ဆောက်ပစ္စည်း၊ အသုံး အဆောင်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်မီး၊ စက်သုံးဆီ၊ အင်တာနက်စသည်တို့ကိုလည်း တစ်ဖက်နိုင်ငံမှ တစ်ဆင့် ရယူအသုံးပြုဆောင်ရွက်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသတချို့ရှိ တရားဥပဒေစိုးမိုးနိုင်မှု ကင်းလွတ်နေသော နေရားများတွင် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသွားသည်။

ဓာတ်ပုံ – ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article