စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပြည်သူများ၏ စပါးရိတ်စက် ၂ စီးကို လုယက် ယူဆောင်လာသော အကြမ်းဖက် စစ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်တင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မြိုက်ကျေးရွာနှင့် ကင်းဗျားကျေးရွာတို့မှ တောင်သူများ၏ စပါးရိတ်စက် ၂ စီးကို လုယက် ယူဆောင်လာသော မြင်ချင် ပျူစောထီးရွာနှင့် ဇီးကုန်းလေးပျူစောထီးရွာမှ စစ်တပ်နှင့်ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက မြိုက်ရွာနှင့် ကင်းဗျားရွာ အကြားတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲသည် ၁ နာရီကျော် ကြာမြင်ခဲ့ပြီး အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးကာ ပြည်သူများ၏ စပါးရိတ် ၂ စီး အနက် ၁ စီးကိုသာ စစ်သားများက ယူဆောင်သွားကြောင်း၊ ကျန်ရှိနေသော စပါးရိတ်စက် ၁ စီး ၊ ဘေးတွဲ ၁ စီးနှင့် ဆိုင်ကယ်တို့ကို တော်လှန်ရေး တပ်ဖွဲ့များ သိမ်းဆည်းရရှိခဲ့ပြီး ဒေသပြည်သူများထံသို့ ပြန်လည်အပ်နှံခဲ့ကြောင်း သိရှိရသည်။
“ထွက်လုတာက စစ်ခွေးနဲ့ ပျူခွေး အင်အား ၂၀ ကျော်လောက်ရှိတယ်။ ပျူစောထီးရွာအတွင်းကနေ ကူပစ်ပေးတာကတော့ များတယ်။ တိုက်ပွဲဖြစ်တာက ပျူရွာတွေနဲ့ ထိစပ်နယ်မြေမှာ ဖြစ်ခဲ့တာပါ။ စစ်ခွေး သေစာရင်းက ၄ ကောင်ပဲ အတည်ပြုနိုင်တာပါ။ ထပ်တိုးမရှိပါဘူး။ ဇီးကုန်းလေးပျူရွာ၊ မြင်းချင်းပျူရွာနဲ့ မြိုက်ရွာ၊ ကင်းဗျားရွာ ကြားက ထိစပ်နယ်မြေမှာ ဖြစ်တာပါ။ ကျနော်တို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်နေမှာပါ” ဟု ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO)နှင့် နယ်မြေခံပကဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ကချင်ပြည်နယ် ၊ ဟိုပင်မြို့နယ်၊ နန်းရင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများပြားခဲ့ကြောင်း KIA စစ်ရေး သတင်း ရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလမှစတင်၍ တောက်လျှောက်ဆိုသလို ဟိုပင်မြို့နယ်၊ နန်းရင်းကျေးရွာအနီး အရှေ့တောင်တန်းတွင် တိုက်ပွဲဖြစ် ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က အထိနာကာ ဒဏ်ရာရ စစ်မှုထမ်းတပ်သားများကို ဟိုပင်ဆေးရုံနှင့် အပြင်းအထန် ဒဏ်ရာရရှိသူအချို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် -မပခ စစ် ဆေးရုံသို့ ပို့ဆောင် ကုသထားကြောင်း သိရသည်။
“နန်းရင်းတိုက်ပွဲက ပထမတော့ ကိုယ့်ဘက်က ဆုတ်ပေးလိုက်ရတယ်။ အဲဒီအချိန် ထိခိုက်သေဆုံး စခအလောင်းတွေကို သယ်ထုတ်ကြတယ်၊ ပြီးမှ ကိုယ့်ဘက်က ပြန်ထိုးစစ်ဆင်တော့ စကမဘက်က ပြန်ဆုတ်သွားတာ၊ အခုတော့ ဆိုင်နေတဲ့အခြေအနေမှာပဲ တိုက်ပွဲပြန်ဖြစ်နေတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ အထိနာသော အကြမ်းဖက်စစ်တပ်က ဒေသနေပြည်သူများကို ပေါ်တာဆွဲရန် စီစဉ်နေပြီး ပြီးခဲ့ သည့် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ဟိုပင်မြို့အနီး မိုးကောင်းမြို့နယ် အ တွင်း ရှိ နန်းခွင်ကျေးရွာအတွင်းမှ ပြည်သူ ၂၀ ခန့်ကိုလည်း အကြမ်းဖက်စစ်တပ်နှင့် SNA တပ်ဖွဲ့တို့ ပူးပေါင်း၍ ဖမ်းဆီးခဲ့ကြောင်း၊ အလားတူ ပင်းဘောတိုက်နယ် အတွင်း၌လည်း ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“ဟိုပင်၊ နန်းရင်းကျေးရွာအနီးတိုက်ပွဲမှာလည်း စခတွေဘက်ကအထိနာလို့ ပေါ်တာဆွဲဖမ်းဖို့ရှိတယ် လို့ ဟိုပင်ဒေသခံတွေက ပြောပါတယ်၊ စကမတပ်က တောက်လျှောက်ဖမ်းဆီးတာတွေလုပ်နေလို့ အခုချိန် ခရီးတို၊ ခရီးရှည်သွားမယ့် မိဘပြည်သူတွေ အနေနဲ့ သတိထားသွားလာကြဖို့ သတိပေးလို ပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




