27 C
Yangon

မြောက်ဦးဆေးရုံကို လေကြောင်းဖြင့် ဗုံးကျဲမှု လူသားမျိုးနွယ်အပေါ် တိုက် ခိုက်မှုအဖြစ် အလွန်တုန်လှုပ်မိဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့- WHO အကြီးအကဲပြောဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ်ရှိ မြောက်ဦးဆေးရုံကို လေကြောင်းဖြင့် ဗုံးကျဲမှုမှာ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်မှုအဖြစ် အလွန်တုန်လှုပ်မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Dr Tedros Adhanom Ghebreyesus က ယနေ့ တရားဝင်သတင်းထုတ်ပြန်ပြောဆိုလိုက်သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဆေးရုံကို တိုက် ခိုက်ခဲ့ခြင်းအပေါ် အလွန်တုန်လှုပ်မိကြောင်း၊ ကျန်း မာရေးဝန်ထမ်းများ၊ လူနာများနှင့် မိသားစုဝင်များ အပါအဝင် လူအနည်းဆုံး ၃၃ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆေး ရုံ၏ အခြေခံအဆောက်အအုံများမှာ ပြင်းထန်စွာ ပျက်စီးခဲ့ပြီး ခွဲစိတ်ခန်းများနှင့် အဓိက လူနာဆောင်များမှာ လုံးဝ ပျက်စီးသွားခဲ့ကြောင်း ၊မြောက်ဦး ပြည်သူ့ဆေးရုံသည် ထိုဒေသရှိ အဓိက ကျန်းမာရေးစောင့်ရှောက်မှုဌာနဖြစ်ပြီး ကျန်းမာရေးနှင့် အရေးပေါ် ဝန်ဆောင်မှုများ၊ သားဖွားစောင့်ရှောက်မှုနှင့် ခွဲစိတ်ကုသနိုင်စွမ်းတို့ ပေးအပ်နေကြောင်း၊ အဆိုပါ တိုက်ခိုက်မှုက ဒေသရပ်ရွာ အသိုက် အဝန်းများအတွက် ကျန်းမာရေးစောင့် ရှောက်မှု ရရှိရေးကို အနှောင့်အယှက် ဖြစ်စေမည်ဖြစ်ကြောင်း WHO အကြီး အကဲက ထုတ်ပြန်ပြောဆိုထားသည်။

အဆိုပါ တိုက်ခိုက်မှုမှာ မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ၆၇ ကြိမ်မြောက် ကျန်း မာရေးဆိုင်ရာ အဆောက်အအုံ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း WHO က ဆိုသည်။

ကျန်းမာရေးစောင့်ရှောက်မှုကို တိုက်ခိုက်ခြင်းမှာ လူသားမျိုးနွယ်အပေါ် တိုက် ခိုက်ခြင်းပင်ဖြစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ၊ လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများကို အချိန်တိုင်း ကာကွယ်ပေးထားရမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို တိုက်ခိုက်ခြင်း ရပ်တန့်ရမည်ဖြစ်ကြောင်း WHO အကြီးအကဲက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article