26 C
Yangon

ပြည်သူ ၃၀ ဦးကျော် သေဆုံးခဲ့သော မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရအပြီး ၁ ရက်အကြာ ကျောက်ဖြူမြို့နယ်၊ ငလုံးစု ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၈ ဦး ထပ်မံ သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ငလုံးစု ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၈ ဦးသေဆုံး၊ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA က ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထာသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီ ၃၄ မိနစ်အချိန်တွင် ကျောက်ဖြူမြို့နယ်၊ ငလုံး စု ကျေးရွာကို အကြမ်းဖက် စစ်တပ် ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ငလုံးစု အထက်ရွာနှင့် အောက်ရွာအတွင်းရှိ ပြည်သူ ၈ ဦး သေ ဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၁၀ ရက်နေ့ (အပြည်ပြည်ဆိုင်ရာလူ့အခွင့် အရေးနေ့)မှာ မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ပြီးနောက် ၁ ရက်အကြာ ဒီဇင်ဘာလ ၁၁ ရက်နေ့ အလားတူ စစ်ရာဇဝတ်မှုမျိူးကို ကျောက်ဖြူမြိုနယ်၊ ငလုံးစု ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ထပ်မံ ဗုံးကျဲချ တိုက်ခိုက်ပြီး အကြမ်းဖက် စစ်တပ်က ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေကြောင်း AA က ပြောဆိုထားသည်။

ရခိုင်ပြည် မြောက်ဦးမြို့ပေါ်ရှိ အရပ်သားပြည်သူများ ဆေးကုသရာနေရာ ပြည် သူ့ဆေးရုံကို အာဏာသိမ်း စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဥရောပကော်မရှင် EU နှင့် UK တာဝန်ရှိသူတို့က ပြောဆိုလိုက်ကြပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် (Volker Turk) ကလည်း အပြစ်မဲ့ပြည်သူများ ဆေးကုသရာ မြောက်ဦးဆေးရုံကြီးကို တိုက်ခိုက်မှုအတွက် အာဏာသိမ်း စစ်ကောင်စီကို စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန် တောင်းဆိုထားသည်။

ဓာတ်ပုံ – မြောက်ဦးဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကွယ် လွန်သွားကြသူများ၏ နာရေးတွင် မိသားစုဝင်များက ငိုကြွေးနေကြစဉ်။

Photo – စာရေးဆရာဝေဟင်အောင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မြောက်ဦးဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကွယ် လွန်သွားကြသူများ၏ နာရေးတွင် မိသားစုဝင်များက ငိုကြွေးနေကြစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article