22 C
Yangon

မောတောင်မြို့ဘက်ကို ထိုးစစ်ဆင်ရန် စစ်အင်အားဖြည့်လာသော ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ဘက်ကို ထိုးစစ်ဆင်ရန် စစ်အင်အားဖြည့်လာသော ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုများပြားကြောင်း ကျွန်းစုမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မြိတ်မြို့ မှ တနင်္သာရီမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းရန်လာသော အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ညောင်ပင်ကုန်းကျေးရွာ အနီးတွင် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၂၀ ဦးကျော်သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုစစ်ကားများသည် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ထွက်ခွာနေခြင်းကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ ရဲဘော်တွေက အနီးကပ် ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့တယ်။ ကား ၃ စီးပေါ်က စစ်ခွေးတွေ ပြင်းပြင်းထန်ထန် ထိခိုက်သွားတယ်။ စစ်ခွေး ၂၀ ကျော်သေဆုံးပြီး ၁၀ ကောင် ထိခိုက်ဒဏ်ရာရတယ်လို့ တပ်တွင်း သတင်းတွေက ထောက်လှမ်းရရှိပါတယ်။ စစ်ခွေး စစ်ကြောင်း အလှုပ်အရွေ့တွေကိုလည်း အချိန်နဲ့ တပြေးညီ သတင်းရရှိထားပါတယ်။ ကျနော်တို့ ဆက်လက် တိုက်ခိုက် ချေမှုန်းသွားမယ်” ဟု ကျွန်းစုမြို့နယ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီတိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၊ ကျွန်းစုမြို့နယ် ပကဖ ၊ တနင်္သာရီမြို့နယ် ပကဖ ၊ Drogon Square ဒရုန်းလက်ရုံးတပ် ၊ KNLA -တပ်ရင်း(၁၁) နှင့် ဗိုလ်ခရင်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article