22 C
Yangon

ကောလင်းနှင့် နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု မိခင်ဖြစ်သူပွဲချင်းပြီး သေဆုံးပြီး အသက် ၃ လ နှင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု မိခင်ဖြစ်သူ ပွဲချင်းပြီး သေဆုံးပြီး အသက် ၃ လနှင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်မှ စတင်ပြီး ၅၉ မိနစ်ခန့်အထိ ကောလင်းမြို့နယ်အတွင်းရှိ ကံပေါက်တာကျေးရွာနှင့် တံဇူးရွာတို့ကို တံတားဦး လေတပ်မှ တက်လာသော YAK-130 ဂျက်ဖိုက်တာ ၁ စီးနှင့် မိတ္ထီလာတက် MIG-29 ဂျက်ဖိုက်တာ ၁ စီးတို့က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ကံပေါက်တောကျေးရွာမှ မိခင်ဖြစ်သူ အသက် ၂၅ နှစ်ခန့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အသက် ၆ နှစ်အရွယ် မိန်းကလေး နှင့် အသက် ၃ လ အရွယ် ယောကျာ်လေးတို့ ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁ လုံးနှင့် တံဇူးကျေးရွာ ဘုန်းကြီးကျောင်းတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ ၃ ကြိမ် တိုက်ခိုက်သွားတာပါ။ သေဆုံးသွားတဲ့ ပြည်သူ ၁ ဦးက ကလေးငယ် ၂ ဦးရဲ့ မိခင်ဖြစ်သူပါ။ ကလေးတွေကတော ထိခိုက်ဒဏ်ရာရသွားတယ်။ အမည်တွေတော့ မသိရသေးဘူး” ဟု ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၃ စီးသည် နတ်တလင်းမြို့နယ် အရှေ့ဘက်ရှိ သရက်ပင်ကန်ရိုး ၊ ဒမငယ်ရွာ၊ ချောင်းခမ်းကြီး၊ စမ်းကြီးထောင့်လမ်းနှင့် ဘန့်ဘွေးကုန်းရွာတို့ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဒမငယ်ရွာ စာသင်ကျောင်းနှင့် နေအိမ် တချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ စာသင်ကျောင်းနဲ့ နေအိမ်တချို့ပဲ ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article