26 C
Yangon

ဘားအံမြို့နယ်တွင် ခိုလှုံနေသော စစ်ဘေးရှောင် ၁၀၀၀ ကျော်ကို ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည်သူနှင့် မဲစာရင်းပါဝင်သူများကိုသာ ထောက်ပံ့ကြေးပေးမည်ဟု အကျပ်ကိုင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် လာမည့် ရွေးကောက်ပွဲအတွင်း ဆန္ဒမဲပေးမည့်သူနှင့် မဲစာရင်းပါသူများကိုသာ စစ်ဘေးရှောင် ထောက်ပံ့ ကြေးပေးတော့မည်ဟု စစ်တပ်က အကျပ်ကိုင်လာကြောင်း ယင်း စခန်းရှိ စစ်ဘေးရှောင်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့၌ ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာ၊ တိုးချဲ့ကွက်သစ်ရှိ လူဦးရေ ၁၀၀၀ ကျော်ရှိသော စစ်ဘေးရှောင်စခန်းတွင် မဲစာရင်းပါဝင်သူများကို ထောက်ပံ့ကြေးပေးမည် ဖြစ်ပြီး ကျန်သူများကို ထောက် ပံ့ကြေးမပေးတော့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး သိန်းဝင်းနှင့် စာရေးအောင်ကိုဝင်းတို့ က အကျပ်ကိုင်နေကြောင်း သိရှိရသည်။

“စစ်ဘေးရှောင်က ၁၀၀၀ ကျော်ရှိတယ်။ မဲစာရင်းထဲမှာပါတဲ့သူတွေကိုပဲ ထုတ် ပေးတယ်။ အခြားစစ်ဘေးရှောင်တွေကို လုံးဝမပေးတော့ဘူးလို့ ပြောတယ်၊ ဒီနေ့ ထုတ် ပေးတာကတော့ လှာကမြင်၊ တိုးချဲ့ကွက်သစ်ပေါ့၊ စစ်ဘေးရှောင်အများ ဆုံးနေထိုင်တဲ့ နေရာ၊ အရင် တုန်းကတော့ စစ်ဘေးရှောင်ဆိုရင် ဧည့် စာရင်း၊ မှတ်ပုံတင်ယူလာရင် ထောက်ပံ့ကြေး ထုတ်လို့ရ တယ်။ အခုက အဲဒီလိုမဟုတ်တော့ဘူး။ ဒီတစ်ခေါက်က မဲစာရင်းမှာပါတဲ့လူပဲ ထုတ်ပေး မယ်။ အဲလိုမဲ စာရင်းပါမှ ထုတ်ပေးမယ်ဆိုတာ့ မဲစာရင်းမှာပါနေတာ ဒေသခံ ပြည်သူတွေပေါ့၊ စစ်ဘေးရှောင်မဟုတ်ဘူး။ သူတို့က မဲစာရင်းမှာပါတယ်။ ပါတော့ ဒေသခံတွေက ထောက်ပံ့ကြေးထုတ်ကြတယ်။ ထုတ်ကြတော့ အမှန်တ ကယ် စစ်ဘေးရှောင်တဲ့ ပြည်သူတွေက တော့ ထောက်ပံ့ကြေးမရတော့ဘူး။ မရတော့ နစ်နာတော့ နစ်နာတာပေါ့၊ ဆန္ဒ မဲပေးမယ့်သူတွေမှသာလျှင် စစ်ဘေးရှောင်ရဲ့ ရပိုင်ခွင့်ကို ရမယ်ဆိုပြီး အောက် ခြေက စာရေးအောင်ကိုဝင်းဆိုတဲ့သူကပြောတယ်။” ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ စစ်ဘေးရှောင်များကို စစ်တပ်အစီအစဉ်ဖြင့် လူ ၁ ဦးလျှင် ၂ သောင်းကျပ်နှုန်းကို ၃ လ တစ်ကြိမ် ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး နေထိုင်ရာ ရပ် ကွက်အုပ်ချုပ်ရေးမှူးက ထုတ်ပေးသည့် ဧည့် စာရင်းစာအုပ်နှင့် မှတ်ပုံတင်ထုတ်ပြနိုင်မှသာ ထောက် ပံ့ကြေးပေးကြောင်း၊ ယခင်က ထောက်ပံ့ကြေး ၃ ကြိမ်ခန့်ပေးအပ်ခဲ့ ဖူးပြီး ယခု မဲထည့်ချိန်ရောက်မှသာ စည်းကမ်းအသစ်များဖြင့် မဲစာရင်းပါသူကိုသာ ထောက်ပံ့ကြေး ပေးတော့မည်ဟု အကျပ်ကိုင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article