24 C
Yangon

ရွှေဘိုမြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၂၀ အတွက် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီး၊ မြို့လှမြို့တွင်လည်း ပေါ်တာဆွဲမှု အခြေအနေ အလွန်ဆိုးရွားနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ပေါ် တွင် စစ်မှုထမ်းအပတ်စဉ် ၂၀ အတွက် လူငယ် ၁၀၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာလ ၅ ရက်နေ့အထိ ရွှေဘိုမြို့ပေါ်ရှိ ရပ်ကွက်နှင့် လမ်းဆုံလမ်းခွများတွင် အလုပ်သွား အလုပ်ပြန်လာသည့် လူငယ် ၁၀၀ ကျော်ကို ၅ ရက်ဆက်တိုက် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသော လူငယ်များမှ အသက် ၂၀ နှစ်နှင့် အသက် ၃၅ နှစ်အတွင်း လူငယ်များဖြစ်ပြီး စစ်တပ်က ဖမ်းဆီးပြီးနောက် အဆက်အသွယ် ပျောက်ဆုံးနေကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ၅ ရက်ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးတယ်။ လူငယ် ၁၀၀ကျော်လောက်ပါသွားတယ်လို့ သိရတယ်။ ရပ်ကွက်ထဲမှာဆိုရင် စစ်ခွေးတွေက နေအိမ်ထဲအထိ ဝင်ရောက်ပြီးဆွဲတယ်။ လမ်းဆုံတွေမှာလည်း စစ်ခွေးက ဖမ်းဆီးတယ်။ နံနက်ပိုင်း နှင့် ညနေပိုင်း အလုပ်သွား အလုပ်ပြန်လာသည့် လူငယ်များကို စစ်ခွေးတွေက ပေါ်တာဆွဲဖမ်းဆီးတယ်။ “ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့ နှင့် ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း မုံရွာမြို့ပေါ် လမ်းဆုံလမ်းခွများတွင် လူငယ် ၃၀ ကျော်ကို အ ကြမ်းဖက် စစ်တပ်က အိမ်စီကားများဖြင့် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် လူငယ်များကို အနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲတွင် ဖမ်းဆီးထားကြောင်း၊ မိသားစုများနှင့်တွေ့ခွင့်မ​ပေးကြောင်းသိရှိရသည်။

ထို့အတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မြို့လှ​မြို့တွင်လည်း စစ်တပ်က ပေါ်တာဆွဲမှု အခြေအနေမှာ အလွန်ဆိုးရွားနေပြီး နည်းလမ်းမျိုးစုံဖြင့် စစ်တပ်က လူငယ်များကို စစ်မှုထမ်းအဖြစ် စုဆောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မြို့လှမြို့မှာ ​ ပေါ်တာဆွဲတာတွေ အရမ်းဆိုးနေပါတယ်၊ ညနေ​ ၅ နာရီကျော်တာနဲ့ ရန်ကုန်-မန္တလေး​လမ်းမပေါ် ဘယ်သူမှ​ထွက်လို့မရ၊ မထွက်ရဲကြ တဲ့​အထိဆိုးနေပါတယ်။လယ်ယာ​လုပ်ငန်း လုပ်ကိုင်ပြီး ပြန်လာကြတဲ့ လူငယ်တွေလည်း အဖမ်းခံရတယ်။ စစ်တပ်ရော ပျူတွေရော မြို့ပေါ်မှာတင် အလု အယက်​အပြိုင်​ဆွဲနေကြတာပါ။ ပေါ်တာဆွဲတာ ၂ ဖွဲ့​ ၊ ၃ ဖွဲ့ ရှိတယ်​။ မြို့အုပ်​အဖွဲ့၊ သိန်းဖေမြင့်အဖွဲ့၊ ရေတာရှည်မြို့နယ်ကနေလာဆွဲတဲ့အဖွဲ့ အဲ့လို​ သူ့အဖွဲ့ ကိုယ့်အဖွဲ့ အပြိုင်အဆိုင်ကို ဆွဲနေကြတာပါ။ ညနေ​မိုးချုပ် လို့ခြံတံခါး ထွက်ပိတ်တာတောင် တွေ့ရင်​ဆွဲ​ပါတယ်။​ လမ်းမပေါ်​ဆိုင်ကယ်နဲ့​သွားရင်တောင် ကားနဲ့ အတင်း လိုက်ပိတ်ပြီး ဆွဲတင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထိုကဲ့သို့ ပဲခူးတိုင်း၊ တောင်ငူမြို့၊ နှစ်ဆောင်ပြိုင်ကျေးရွာတွင်လည်း ညနေ ၅ နာရီကျော်သည်နှင့် ပျူစောထီးများက ရွာထိပ်တွင် အိမ်စီးကားဖြင့် စောင့်ပြီး လူငယ်များကို ဖမ်းဆီးနေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ယခု ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်မှုထမ်းအပတ်စဉ် ၂၀ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူငယ်များနှင့် ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူငယ်များနှင့် ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article