26 C
Yangon

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် မိုင်းရှာရန် ထွက်လာသော ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်၊ ရေတာရှည်တွင် ပိတောက်ဆန်းရွာ ရာအိမ်မှူး အောင်လင်း၏ နေအိမ်ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု အောင်လင်း အပြင်းအထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် မိုင်းရှာရန် ထွက်လာသော ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးနိုင်ကြောင်း Brave Heart Army -BHA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၅၅မိနစ်ခန့်အချိန် မုံရွာမြို့နယ်အတွင်းရှိ နာမည်ဆိုးဖြင့် ကျော်ကြားနေသော တောပုပျူစောထီး ကျေးရွာမှ အင်အား ၂၀ ဝန်းကျင်ခန့်က မုံရွာ-ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက် မိုင်းရှာရန် ထွက်လာရာ အဆိုပါ ပျူစောထီးများကို ပဒေသာမိုင်း ၃လုံးဖြင့်တော်လှန်ရေး တပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ပျူစောထီး ၂ ဦးသေဆုံးနိုင်ကာ၊ ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ မုံရွာမှ နမခသို့ အိမ်စီးကားဖြင့် ဒဏ်ရာရစစ်သားများကို တင်ဆောင်သွားခဲ့ကြောင်း၊တော် လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးသေစာရင်းကတော့ ထပ်တိုးစာရင်းတော့မရှိပါဘူး။ မျက်မြင်ပြောကြားချက်ရတော့ ၂ ယောက်က တော်တော်လေး ပြင်းတယ်ပြောတယ်။ ထိတာကလေ။ သေနိုင်လောက်တယ်လို့‌လည်းပြောတယ်။ နောက် ၁ ဦးလည်း ထိသေးတယ်ပြောတယ်။ ပျူစောထီး ၂ ဦးကတော့ နေရာမှာတွင် ပွဲချင်းပြီးသေဆုံးတာမျိုး မဟုတ်ပါဘူး။ အိမ်စီးကားလေးနဲ့ တင်သွားတာပါ။ ကျွန်တော်တို့ ရဲဘော်တွေ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟုBrave Heart Army -BHA မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA ၊ MONYWA DYNAMITE .STF ၊ CHINDWIN FIGHTER GROUP-CFG တို့က လက်တွဲညီညီ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပိတောက်ဆန်းရွာ ရာအိမ်မှူး အောင်လင်း နေအိမ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက် ခိုက်ရာ အောင်လင်းမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ရေတာရှည်မြို့ပြကျားပေါက် UG ပြောက်ကျား အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ ည ၈ နာရီ ၂၅ မိနစ်ခန့်အချိန် ရေတာရှည်မြို့နယ်၊ ဆင်ဂွေကျေးရွာအုပ်စု၊ ပိတောက်ဆန်းကျေးရွာတွင် နေထိုင်သော ရာအိမ်မှူး အောင်လင်း နေအိမ်ကို ရေတာရှည်မြို့ပြ ကျားပေါက် UG ပြောက်ကျားအဖွဲ့က လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း ရာအိမ်မှူး အောင်လင်းသည် ခြေထောက်နှင့် လက်တို့၌ ဖောက်ထွက် ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာအခြေအနေ ပြင်းထန်သောကြောင့် စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း လက်မခံသောကြောင့် တောင်ငူဆေးရုံသို့ ဆက်လက်ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

“ရေတာရှည်၊ ပိတောက်ဆန်းရွာမှာ နေထိုင်တဲ့ ရာအိမ်မှူး အောင်လင်း နေအိမ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့တာပါ။ ခြေထောက်နဲ့ လက်မှာ ဖောက်ထွက် ဒဏ်ရာတွေရရှိခဲ့တယ်။ ဒဏ်ရာပြင်းထန်လို့ စစ်ဆေးရုံကို ပို့ဆောင်တာကို စစ်ဆေးရုံက လက်မခံလို့ တောင်ငူဆေးရုံကို တင်ထားတယ်လို့ သိရတယ်။ သေမသေတော့ ဆက်လက်ဆုံစန်းနေဆဲပါ” ဟု ရေတာရှည်မြို့ပြကျားပေါက် UG ပြောက်ကျား အဖွဲ့မှ တာဝန်ရှိက ပြောဆိုသည်။

ဓာတ်ပုံ – အညာဒေသတွင် စစ်ကားနှင့်စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အညာဒေသတွင် စစ်ကားနှင့်စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article