33 C
Yangon

မော်လိုက်မြို့နယ်၊ ဆွတ်နန်းရွာအနီး ရန်ကင်းတောင်တွင် ယာယီတပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းရွာအနီး ရန်ကင်းတောင်ပေါ်၌ ယာယီတပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်များ သိမ်းဆည်းရရှိခဲ့ကြောင်း‌ မော်လိုက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၉ ရက်နံနက်ပိုင်းက မော်လိုက် တော်လှန်ရေးအင်အားစုများ အခြေပြု တပ်စွဲထားသည့် မော်လိုက်မြို့နယ်၊ ဆွတ်နန်းရွာအနီး ဒေသအခေါ် ရန်ကင်းတောင် သို့ အကြမ်းဖက်စစ်တပ်က သာ လွန် အင်အား ဖြင့်ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ခေတ္တခဏ ဆုတ်ခွာပေးခဲ့ကြောင်း သိရ သည်။

ထို့နောက် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသည့် အဆိုပါ ရန်ကင်းတောင်စစ်တပ်စခန်းကို မော်လိုက်တော်လှန်ရေးအင်အားစုများက တန်ပြန်ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ရာ မွန်းတည့် ၁၂ နာရီခွဲခန့်အထိ ကြာမြင့်ခဲ့ပြီး စစ်သားများ ဆွတ်နန်းရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

“ဆွတ်နန်းရွာထဲကနေ ထွက်လာပြီး ရန်ကင်းတောင်ကို ထိုးစစ်ဆင်တာပါ။ လက်ရှိအထိ ဆွတ်နန်းရွာ မှာ စခတွေရှိနေပါသေးတယ်။ စခ သေဆုံးထိခိုက်၊ ထပ်တိုးစာရင်းတော့ မသိရသေးပါဘူး” ဟု မော် လိုက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထို့ကြောင့် အဆိုပါ ရန်ကင်းတောင်အား မော်လိုက်တော်လှန်ရေးအင်အားစုများက ပြန်လည် ထိန်း ချုပ်လိုက်ပြီး စစ်သား အလောင်း ၆ လောင်း၊ MA1 အမျိုးအစားသေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၁ လက်၊ MA15 အမျိုးအစားသေနတ် ၁ လက်၊ G3 အမျိုးအစားသေနတ် ၁ လက်၊ ၁၂၂ မမ ရှော့တိုက်ဒုံး ၇ လုံး ၊ ကျည်ဘောက် ၁၃ ခုနှင့် ကျည်မျိုးစုံ ၁၂၀၀ တောင့်ခန့် တို့ကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article