ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ MNDAA ၊ TNLA ၊AA တို့ရဲ့ နိုင်ငံရေးအကြောင်းပြ လုပ်ဆောင်ချက်တွေကြောင့် လူမှုစီးပွားအခြေအနေတွေ ပိုမိုဆိုးရွားစေခဲ့ပြီး ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေရတယ်လို့ အကြမ်းဖက် မင်းအောင်လှိုင်က အပြစ်တင်ပြောဆိုပါတယ်။
- ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျော်ခို့ကျေးရွာအနီးမှာ စစ်တပ်လက်အောက်ခံ BGF စောချစ်သူရဲရဲ့ လက်ထောက် ဗိုလ်မောင်ဝင်းက ကျားဖြန့်ရွာအသစ်တည်နေပြန်တယ်လို့ အဲ့ဒီဒေသထဲကို ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ ပို့ဆောင်ပေး နေရတဲ့ ကယ်ရီသမားတွေနှင့် ကရင်စစ်ရေး သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
- စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကြီး ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူများပြားပြီး ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




