28 C
Yangon

ဝက်လက်၊ ရေစကြိုနှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးနှင့် Gyrocopter တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုရွာအနီးရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော တောတိုက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၄ နှစ်အရွယ် မအေးမြတ်သူဇာ အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ ထုံးဘိုရွာတောင်ဘက်ရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော သန်းကုန်းတောတိုက်ကို တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၂ စီးက ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၃၄ နှစ်အရွယ် သူဇာနွယ် ၊ အသက် ၂၆ နှစ်အရွယ် ကိုတွတ်ပီနှင့် အသက် ၇၀ နှစ်အရွယ် ဦးခင်မောင်လွင် တို့သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း၊ ထို့ပြင် နေထိုင် ၈ လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ထိတိုက်ဒဏ်ရာရရှိသူများထဲမှ အသက် ၄၀ နှစ်အရွယ် ဒေါ်နှင်းမြ ထပ်မံ သေဆုံးခဲ့ပြီး ဒဏ်ရာ အခြေအနေ စိုးရိမ်ရသူများရှိကြောင်း၊ စစ်တပ်က ဗုံးကျဲ သတ်ဖြတ်ခဲ့သော နေရာသည် ရွှေဘိုမြို့နယ် ကုလားမရွာမှ ဝက်လက်မြို့နယ် အတွင်း စစ်ဘေးတိမ်းရှောင်ရန် ရောက်ရှိလာသော ပြည်သူများ နေထိုင်ရာ နေရာဖြစ်ကြောင်း သိရသည်။

“မနေ့က ညပိုင်းက ဗုံးကျဲသွားတာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီး ပထမအကြိမ် ဗုံး ပေါင် ၃၀၀ ခန့်နဲ့ ဒုတိယအကြိမ် ဗုံး အတွဲလိုက်ချပြီး တိုက်ခိုက်သွားတာ သေဆုံးတာက ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ဦးသေဆုံးတယ်။ ၁၀ ဦးလောက် ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေက စိုးရိမ်ရတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲက အသက် ၄၀ နှစ်အရွယ် ဒေါ်နှင်းမြ ထပ်မံ သေဆုံးတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သမန္တပို့ရွာအတွင်းကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူတပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် ရေစကြိုမြို့နယ်၊ သမန္တပို့ရွာတောင်ပိုင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၅၂ နှစ်အရွယ် ဒေါ်ဝင်းနွယ် ဗုံးစထိမှန် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ရာ ဆီပေပါ ထားရှိသည့် ခြံများ ပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် မုံရွာ နမခ မှ တက်လာသော Gyrocopter ၃ စီးဖြင့် ပေါက်မြို့နယ် သပြေညို လယ်အိုရေနံမှော်ကို အကြမ်းဖက် စစ်တပ်က ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဆီပေပါ ထားရှိသော ခြံများ ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။

“အဲဒီနားတွေ မနေ့က သပြေညိုမှော်နားတွေပဲ စစ်ခွေးတွေက ကျဲသွားတာပါ။ ပြည်သူတွေ အထိအခိုက်တော့မသိရသေးဘူး။ နေအိမ်တွေပျက်စီးတာမျိုးတော့ မရှိဘူး။ ဆီပေပါခြံတွေ ပျက်စီးတာတွေရှိတယ်။ စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျဲသွားတာပါ။ စစ်ခွေးတွေက နံနက်ပိုင်းမှာ ၁ ကြိမ်၊မွန်းလွဲပိုင်းမှာ ၁ စုစုပေါင်း ၂ကြိမ် လာကျဲသွားတာပါ။ဗုံးသီးအရေအတွက်ကတော့ ၄လုံးထက်မနည်း ကျဲသွားတာပါ။ပြည်သူတွေ စစ်ကြောင်း၊ လေကြောင်း သတိပြုနေထိုင်ကြပါဖို့ ပြောချင်ပါတယ် “ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်ကကသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article