ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံမှာ မြန်မာအကြမ်းဖက် စစ်တပ်က မြေကွက်နဲ့ အဆောက်အအုံတချို့ ဝယ်ယူထားပြီး မင်းအောင်လှိုင်ကိုယ်တိုင် မြေကွက်တွေကို စိတ်ကြိုက် စိစစ်ဝယ်ယူခဲ့တာဖြစ်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မြန်မာနိုင်ငံက ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ရာထူးအတွက် အကြမ်းဖက် စစ်တပ်ဘက်တော်သား ရန်အောင်နဲ့ ခန့်စည်သူတို့ အရွေးချယ်ခံကြမှာဖြစ်ပေမယ့် မင်းအောင်လှိုင် မိန်းမ ကြူကြူလှကြောင့် ခန့်စည်သူသာ ဥက္ကဋ္ဌ ဖြစ်လာနိုင်ခြေများနေတယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းကပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်က ဆွတ်နန်းရွာအနီး ရန်ကင်းတောင်ပေါ်မှာ ယာယီတပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်က စစ်သား ၆ ဦးထက်မနည်းကတော့ အသီးသီးသေကုန်ကြတဲ့အပြင် အလာင်းတွေနဲ့ လက်နက်ခဲယမ်း အချို့ကိုပါ သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




