26 C
Yangon

ကျားဖြန့်အရေး KNU ကို ထိုင်းနိုင်ငံက ဆက်ဆံခြင်းမပြုရေး ဖိအားပေးရန် တရုတ်ကို အကြမ်းဖက်စစ်တပ်က အကူအညီတောင်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ကျားဖြန့်အရေးနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး- KNU ကို ထိုင်းနိုင်ငံက ဆက်ဆံခြင်းမပြုရေး ဖိအားပေးရန် တရုတ်ကို အကြမ်းဖက်စစ်တပ်က အကူအညီတောင်းလိုက်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ မြန်မာနိုင်ငံရှိ ကျားဖြန့်တိုက်ဖျက်ရေး လုပ်ငန်းများသို့ လာရောက် လေ့လာဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာ လက်ထောက်ဝန်ကြီး MR Liu Zhong Yi ကို မြန်မာအကြမ်းဖက်စစ်တပ်က ထိုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ် ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

“ဒီဇင်ဘာလ ၁၂ ရက်နေ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ တရုတ်လက်ထောက်ဝန်ကြီး တွေ့ဆုံစဉ်မှာလည်း KNU နဲ့ ထိုင်းနိုင်ငံ ဆက်ဆံနေတာကို ဆက်ဆံမှု မလုပ်ဖို့ ထိုင်းနိုင်ငံကို ကူညီ ပြောဆိုပေးဖို့ ဒီဘက်ကနေ ပန်ကြားတယ်။ နောက်တစ်ခါ ဒီဇင်ဘာလ ၁၅ ရက်နေ့ တရုတ်၊ ထိုင်း၊ မြန်မာ ၃ နိုင်ငံ ကိုယ်စားလှယ်တွေ မြ၀တီမှာ တွေ့ဆုံဆွေးနွေးပွဲမှာလည်း Online Scamနဲ့ ပတ်သက် ဆက် စပ်သူ နိုင်ငံခြားသား တွေကို KNUက ထိုင်းကို လွှဲပေးရင် လက်မခံဖို့ တရားဝင် ပြောပါတယ်။ ဒီဘက်က ပြောတဲ့အထဲမှာ KNU က KK Park Online Scam ဝင်း တည်ဆောက်ခဲ့တဲ့ အဓိက တရားခံအဖွဲ့အစည်းဖြစ်တယ်။ သက်သေ စာချုပ်တွေလည်းရှိတယ်ဆိုပြီး ထုတ်ပြတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိ KNU က မင်းလက်ပံရှိ DKBA ထိန်းချုပ်ထားသော ကျားဖြန့်ဝင်းကို ဝင်ရောက်စီးနင်းပြီး ကျားဖြန့်လုပ်ငန်းများတွင် အသုံးပြုသော မိုဘိုင်းလ်ဖုန်း၊ အင်တာနက်နှင့် ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ၊ သက်သေခံ ပစ္စည်းများ၊ ကျားဖြန့် တရုတ်များနှင့် နိုင်ငံခြားသားများကို ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်နေပြီး မြန်မာစစ်တပ်က ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်သော လုပ် ရပ်အဖြစ် ပြောဆိုပြီး ပူးပေါင်းဆောင် ရွက် ခြင်းမပြုရန် တရားဝင် တားဆီးလာကြောင်း သိရှိရသည်။

KNU ကမူ KK Park နှင့် လုံး၀ ပတ်သက်မှုမရှိဘဲ ကျားဖြန့်နှိမ်နင်းရေးအတွက် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင် သတင်း ထုတ်ပြန် ကြေညာထားသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ကျားဖြန့် လုပ်ငန်းများ အမြစ်ဖြတ် နှိမ်နင်းရေးအတွက် တရုတ်၊ ထိုင်းနှင့် မြန်မာစစ်တပ်တို့ပါဝင်သော ၃ နိုင်ငံ Task Force ကိုလည်း ဖွဲ့စည်းရန် အကြံပြု တင်ပြထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article