မကွေးတိုင်း၊ စကုမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ် ကြောင်း ကို ကြားဖြတ်တိုက် ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁နာရီ ၃၀မိနစ်ခန့်အချိန် စကုမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ် တပ် စစ်ကြောင်းကို မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်းမှ ရဲဘော်များက ကုတင်ကုန်းရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ စစ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကာ၊ တပ်ကြပ် ကြီး ၁ ဦး အပါအဝင် ထိခိုက်ဒဏ်ရာရှိသူများပြားခဲ့ကာ ထိုစစ်ကော်မရှင်တပ်သားများက ကုတင်ကုန်းရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ့နေအိမ်အချို့ပျက်စီးခဲ့ကြောင်းသိရှိရသည်။
ဒီဇင်ဘာလ ၆ ရက်နေ့လည်း ထိုအကြမ်းဖက်စစ်တပ် စစ်ကြောင်းကို လက်ပတောရွာရဲစခန်းသို့ ရောက်ရှိလာစဉ် မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်း၊ မင်းဘူးခရိုင်၊အမှတ် ၄ တပ်ရင်း၊ မဟာမိတ်များနှင့် မင်းဘူးမြို့နယ်-ပြည်သူ့ ကာကွယ်ရေးအဖွဲ့(မင်းဘူးမြို့ နယ်-ပကဖ)တို့က ဒရုန်းဗုံးသီး ၆ ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရသည်။
“မင်းဘူး(စကု)မြို့နယ်၊ မန်းချောင်းအနောက်ဘက်ရှိ စကုမြို့အနောက်ပိုင်း၊ခံကုန်းရွာမှ ရွှေစက်တော် ဘုရားသို့ ဒီဇင်ဘာ ၃ ရက်နေ့ အင်အား ၁၂၀ ပါ စစ်ကြောင်းထိုးခဲ့တာပါ။ ထိုစစ်ကြောင်းကို ကျနော်တို့ တပ်ရင်းမှ ရဲဘော်များ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး သေစာရင်း ထပ်တိုးသေဆုံးတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း မှ တာဝန်ရှိသူက ပြောဆိုသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၊ရဲနှင့် ပျူစောထီးတို့နှင့် ဝေးရာတွင် နေထိုင်ကြရန် မင်းဘူးခရိုင် အမှတ်-၆တပ်ရင်းက အသိပေးနှိုးဆော်ထား သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




