ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ ဦးသိန်းစိန် အစိုးရ လက်ထက်ကစပြီး NLD အရပ်သားအစိုးရလက်ထက်အထိ ရပ်ဆိုင်းထားတဲ့ ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် အကြမ်းဖက် စစ်တပ်က ကွန်ကရစ် ကျောက်ဖြည့်ဆည်တမံ အမျိုးအစားတည်ဆောက်ဖို့ တရုတ်နိုင်ငံနဲ့ ဆွေးနွေးသဘောတူထားပြီဖြစ် တယ်လို့ အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ထုတ်ဖော်ပြောဆိုလာပါတယ်။
- မြောက်ပိုင်းညီနောင် ၃ ဖွဲ့ အဖွဲ့ဝင် TNLA နဲ့ MNDAA တပ်တွေက AA ထိန်းချုပ်ထားတဲ့ မြောက်ဦး ဆေးရုံကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချလိုက်ပြီး အကြမ်းဖက် စစ်အုပ်စုရဲ့ လုပ်ရပ်က မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်ဆီ တွန်းပို့နေတာဖြစ်တယ်လို့ အပစ်ရပ်ထားတဲ့ TNLA နဲ့ MNDAA က ကြေညာချက်ထုတ်ပြန်လာပါတယ်။
- တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်မှာ အကြမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲအတုကြီးကို ဆန့်ကျင်တဲ့ အနေနဲ့ PDF တပ်တွေက ရေဖြူ မြို့ပေါ်အထိ သွားရောက်ပြီး စစ်တပ်ရဲ့ ဌာနဆိုင်ရာ ရုံးအားလုံးကို ဝင်ရောက်တိုက်ခိုက် မီးရှို့ရှင်းလင်းခဲ့တဲ့အကြောင်း ဒီကနေ့မှာပဲ တော်လှန်ရေးတပ်တွေက ရုပ်သံဖိုင်နဲ့ တကွ တရားဝင် ထုတ်ပြန်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




