35 C
Yangon

စစ်တပ်၏ ရွေးကောက်ပွဲကို နှောင့်ယှက်မှုဖြင့် ပြည်သူ ၂၂၉ ဦးကို ဖမ်းဆီးထားပြီး ဆက်လက် စုံစမ်းဖော်ထုတ်အရေးယူရန် ပြည်ထဲရေး ဝန်ကြီး ဆိုသူ ထွန်းထွန်းနောင်က ညွှန်ကြား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲကို နှောင့်ယှက်မှုဖြင့် ပြည်သူ ၂၂၉ ဦးကို ဖမ်းဆီးထားပြီး ရွေး ကောက်ပွဲ ထိခိုက်စေသူများကို ဆက်လက် စုံစမ်းဖော်ထုတ်အရေးယူရန် ပြည်ထဲရေး ဝန်ကြီး ဆိုသူ ထွန်းထွန်းနောင်က ညွှန်ကြားသည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေး (၅/၂၀၂၅)တွင် အကြမ်းဖက် စစ်တပ်ခန့် ပြည်ထဲရေးဝန်ကြီး ဆိုသူ ထွန်းထွန်းနောင်က ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။

လက်ရှိတွင် စစ်တပ်က ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ဖြင့် အမှုပေါင်း ၁၄၀ ဖွင့်လှစ်ထားပြီး ပြည်သူအမျိုးသား ၂၀၁ ဦး၊ အမျိုးသမီး ၂၈ ဦးစုစုပေါင်း ၂၂၉ ဦး ဖမ်းဆီး အရေးယူထားကြောင်း၊ ဆက်လက်၍လည်း ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများကို စုံစမ်းဖော်ထုတ်၍ ထိရောက်စွာအရေး ယူသွားရန် လိုအပ်ကြောင်း ထွန်းထွန်းနောင်က ပြောဆိုညွှန်ကြားသည်။

ယင်းအပြင် အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲကျင်းပမည့် အပိုင်းလိုက် တစ်နိုင်ငံလုံးလွှမ်းခြုံသည့်လုံခြုံရေး စီမံချက်၊ ဆက်စပ်ဆောင်ရွက်ရမည့် အခြားလုံခြုံရေးစီမံချက် ၈ မျိုးနှင့် အခြားအခြေအနေများအတွက် ရေးဆွဲထားသည့် သီးခြားစီမံချက် ၁၁ မျိုးတို့ကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက ယခုနှစ်ကုန်ပိုင်း ရွေးကောက်ပွဲ ကို ကာကွယ်ရန်အတွက် နှောင့်ယှက် ဖျက်ဆီးသူများကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ ထောင် ဒဏ် တစ်သက် တစ်ကျွန်းနှင့် သေဒဏ်များ ချမှတ်နိုင်သော ဥပဒေကို စစ်ကောင်စီက ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

စစ်ကောင်စီက ပြဋ္ဌာန်းထားသော ဥပဒေတွင် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ ဆော်ခြင်း၊ ဆန္ဒပြခြင်း ၊ စာရေးသား ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပါ အရေးယူမည်ဖြစ်ကြောင်း၊ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ နာကျင်စေခြင်း၊ အပြင်းအထန် နာကျင်စေခြင်း၊ လူစုလူဝေးဖြင့် ကန့်ကွက်ခြင်း၊ လူသေဆုံးစေခြင်းများ ဖြစ်ပေါ်လာပါက ပြစ်မှုကို လိုက်၍ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့်သေဒဏ်တို့ကို ချမှတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article