ရန်ကုန်၊ ဒီဇင်ဘာ ၁၈
ဒီဇင်ဘာလ ၁၆ ရက်နေ့ မြစ်ကြီးနားတပ်နယ်တွင် ပြုလုပ်သော တွေ့ဆုံပွဲတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ယင်းကဲ့သို့ အမိန့်ပေးလာခြင်းဖြစ်သည်။
လာမည့် ရွေးကောက်ပွဲတွင် လူငယ်များအနေဖြင့် နိုင်ငံတော်တာဝန်များကို တစ်ချိန်တွင် ဒီမိုကရေစီစနစ်နှင့်အညီ တာဝန်ထမ်းဆောင် ကြမည့်သူများဖြစ်သဖြင့် ယခုကျင်းပမည့် လွတ်လပ်၍ တရားမျှတ သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဖြစ်မနေ မဲပေးကြရမည်ဖြစ်ကြောင်း ၎င်းက အမိန့် ပေးလာသည်။
ယင်းအပြင် မဲပေးရာတွင်လည်း မဲပေးမည့် ကိုယ်စားလှယ်သည် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲ ဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေး ၃ ပါးကို စောင့်ထိန်းလိုက်နာမည့်သူ၊ လုံခြုံရေး ၊ အုပချုပ်ရေးနှင့် စီးပွားရေး အမြင်ရှိသူများကို ရွေးချယ်၍ ဆန္ဒမဲများ ပေးနိုင်ရန် လိုအပ်ကြောင်း သူက ဆိုသည်။
အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့ ပူတာအို တပ်နယ်တွေ့ဆုံပွဲတွင်လည်း အကြမ်းဖက် စိုးဝင်းက စစ်တပ်နှင့် လက်တွဲနိုင်သူကိုသာ မဲပေးရန် ထပ်မံ ပြောဆိုပြန်သည်။
မဲပေးမည့် ကိုယ်စားလှယ်သည် စစ်တပ်နှင့် စိတ်တူကိုယ်တူ လက်တွဲ ဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန် အရေး ၃ ပါးကို စောင့် ထိန်းလိုက်နာမည့်သူ ၊ အဖွဲ့အစည်းကို ဦးဆောင်ဦးရွက်ပြုလုပ်နိုင်သူများကို ရွေးချယ်၍ မဲများပေးနိုင်ရန် လိုအပ်ကြောင်း စိုးဝင်းက ဖိအားပေး ပြောဆိုသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင် Non-CDM ဝန်ထမ်းများအနေဖြင့် စစ်တပ်နှင့် သဟဇာ တဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို ဆန္ဒမဲပေး ရွေးချယ်ရန်လိုအပ်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့ ပြင်ဦးလွင်တွင် ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပေါ်ပေါ်တင်တင် ဖိအားပေး ပြောဆိုခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




