ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA အနေနဲ့ အကြမ်းဖက် စစ်တပ်ကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာမဟုတ်သလို ၊ KIA ထိန်းချုပ်ဒေသတွေမှာလည်း ရွေးကောက်ပွဲကျင်းပခွင့် မပြုဘူးလို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က အတိအလင်းပြောဆိုလိုက်ပါတယ်။
- မန္တလေးတိုင်းက ပုသိမ်ကြီးမြို့နယ်မှာ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ဒူးရှည် ပျူစောထီးအဖွဲ့က ကျေးရွာနေ လူငယ် ၂၅ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီး ၁ ဦးကို ငွေကျပ် သိန်း ၁၃၀ နဲ့ ပြန်ရွေးခိုင်းနေပြီး မရွေးနိုင်တဲ့လူငယ်တွေကို ပျော်ဘွယ်ဘက်ပို့ပြီး စစ်မှုထမ်းလူစားထိုးအဖြစ် ငွေကျပ် သိန်း ၉၀ နဲ့ပြန်ရောင်းစားနေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- တနင်္သာရီတိုင်း ပုလောမြို့က NUG ပညာရေးတာဝန်ခံ CDM ကျောင်းဆရာမ ဇနီးမောင်နှံ ၂ ဦး လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ မြိတ်ခရိုင် PDF အမှတ် (၁) တပ်ရင်း က ထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




