31 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • NLD အစိုးရလက်ထက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ အမေရိကန် ချပ်ဘ် Life Insurance ကုမ္ပဏီက စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး၊ စီး ပွားရေးနဲ့ စိန်ခေါ်မှုတွေ မကျော်လွှားနိုင်တော့လို မြန်မာနိုင်ငံကနေ ရုံးတွေ ပိတ်သိမ်းကာ အပြီးထွက်ခွာသွားဖို တင်ပြလိုက်ပြီဖြစ်ကြောင်း ပေါက်ကြားလာတဲ့ရုံးစာအရ သိရှိရပါတယ်။
  • ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို စစ်တပ်ရဲ့ထုတ်ပြန်မှုမှာ ယုံကြည်စရာမရှိဘဲ မိခင်ဖြစ်သူနဲ့ တွေ့ဆုံခွင့်ပေးမှ လက်ခံယုံကြည်နိုင်မယ်လို သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက သူရဲ့ လူမှုကွန်ရက်ကတစ်ဆင့် ပြောဆိုလိုက်ပါတယ်။
  • တနင်္သာရီတိုင်းမှာ NUG လက်အောက်ခံတပ်တချိုနဲ့ တာဝန်ရှိသူတွေကို KNLA က ယာယီထိန်းသိမ်းမှု အတွက် ညှိနှိင်းအဆင်ပြေသွားပြီလို ဖမ်းဆီးခံခဲ့ရတဲ့ အထူးတိုင်းစစ်ဌာန နည်းဗျူဟာမှူး ရဲဘော် စောဒါးကို (ခ) ကိုဘိတ်က လူမှုကွန်ရက်ကတစ်ဆင့် အသိပေး သတင်းထုတ်ပြန်လိုက်ပါတယ်။
  • ပဲခူးတိုင်း၊ လက်ပံတန်းမြိုနယ်၊ ဆင်တလင်းရွာမှာ ဒုရဲအုပ်ရဲလွင် ဦးစီးတဲ့ အထိုင်ချတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ရဲလွင်အပါအဝင် ၁၉ ဦး သေဆုံးပြီး လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article