31 C
Yangon

သပိတ်ကျင်းနှင့် ခင်ဦးအစပ် ချောင်းသလဲ ကူးတို့ဆိပ်ကမ်းကို လေယာဉ် ၅ စီးဖြင့် ဗုံးကျဲမှု စစ်ဘေးရှောင် ပြည်သူ ၇ ဦးထက်မနည်း သေဆုံး၊ ပေါက်နှင့်မြိုင်မြို့နယ်တို့တွင်လည်း လေကြောင်းတိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အစပ်ရှိ ဧရာဝတီမြစ်ကိုကူး၍ စစ်ဘေးတိမ်းရှောင်ကြမည့် ပြည်သူများကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၅ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်အချိန် သပိတ်ကျင်းမြို့နယ်၊ ချောင်းသလဲဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းကို ကူး၍ ခင်ဦးမြို့နယ် အတွင်း စစ်ဘေးတိမ်းရှောင်ရန် ပြုလုပ်နေသော ပြည်သူများကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၅ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၇ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကာ သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ကြောင်း သိရှိရသည်။

“ဒီဇင်ဘာလ ၁၇ ရက်နေ့က သပိတ်ကျင်းမြို့နယ်၊ ချောင်းသလဲဆိပ်ကမ်းမှာ ဧရာဝတီမြစ်ကြောင်း တစ်ဖက်ကမ်းကိုကူးပြီး စစ်ရှောင်ဖို့ သွားနေကြတဲ့ ပြည်သူတွေကို စစ်ခွေးတွေက လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်လို့ ပြည်သူ ၇ ဦးထက်မနည်း သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတယ်လည်း တော်တော်များတယ်။ သေဆုံးသူ အရေအတွက်က ပိုများနိုင်တယ်။ ၇ ဦးသေဆုံးတယ်ဆိုတာက ကျနော်တို့ လက်ရှိအတည်ပြုနိုင်သေးတဲ့ အရေအတွက်ပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မြိုင်အစပ်ရေနံမှော်ဒေသကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ၂ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ကာ ကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် မုံရွာ နမခ မှတက်လာသော Gyrocopter ၃ စီးဖြင့် ပေါက်မြို့နယ်၊ မြိုင်အစပ်ရေနံမှော်ဒေသကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ၂ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာခြင်းမရှိကြောင်း ၊ ဆီပေပါထားသည့်နေရာများ ပျက်စီးခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေး တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ နံနက်ပိုင်း မွန်းလွဲပိုင်းမှာ တိုက်ခိုက်ခဲ့တာပါ။ ၂ကြိမ် လာကျဲသွားတာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနှင့် နေအိမ်ပျက်စီးတာမျိုးမရှိဘူး။ ဆီပေပါထားတဲ့နေရာတွေ ပျက်စီးခဲ့တယ်။ ပြည်သူတွေအနေနဲ့ လေကြောင်းသတိပြု နေထိုင်ကြဖို့ ပြောချင်ပါတယ်”ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်ကပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၁၄ ရက်နေ့ကလည်း မုံရွာ နမခ မှတက်လာသော Gyrocopter ၃ စီးဖြင့် ပေါက်မြို့နယ် သပြေညို လယ်အိုရေနံမှော်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article