26 C
Yangon

မြိုင်၊ ကောလင်း၊ တန့်ဆည်၊ ကျွန်းလှ နှင့် ရေဦးမြို့နယ်တို့ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူများ ထိခိုက်ဒဏ်ရာရပြီး ဆေးရုံ နှင့် နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မြိုင်မြို့နယ်၊ ကောလင်းမြို့နယ်၊ ကျွန်းလှမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့်ရေဦးမြို့နယ်တို့ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာ ပြည်သူများ ထိခိုက်မှုရှိပြီး ဆေးရုံနှင့် နေအိမ်များ ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၈ မိနစ်ခန့်အချိန် မြိုင်မြို့နယ်တစ်နေရာကို အကြမ်း ဖက် စစ်တပ်၏ MIG-29 ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ ဗုံးကျဲ တိုက် ခိုက်မှုအတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မြိုင်မြို့နယ် တစ်နေရာကို ဒီနေ့ မွန်းလွဲပိုင်းမှာ ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်း တိုက်ခိုက်သွားတယ်လို့ သိရတယ်။ ထိခိုက်မှု အခြေအနေကတော့ ပြည်သူ ၁ ဦး ထိခိုက်တယ်လို့ သိရတယ်။ ကျန်တဲ့ ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ကောလင်းမြို့နယ် အရှေ့ခြမ်း တစ်နေရာရှိ ကျေးရွာများကို ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု အခြေအနေ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့အတူ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်အချိန် ကျွန်းလှမြို့နယ်၊ တကုန်းရွာနှင့် ကုက္ကိုလ်ကုန်းရွာ အစပ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု ရှိ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ဗုံးကျဲသွားတာက ကောလင်းမြို့နယ်နဲ့ ကျွန်းလှမြို့နယ်ထဲက ရွာတွေကိုကျဲသွားတာ ပြည်သူတွေ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ် အစပ်ရှိ ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စီး ၊ Gyrocopter ၄ စီးဖြင့် လေကြောင်း တိုက်ခိုက် ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် ကလည်း တန့်ဆည်မြို့နယ် အနောက်တောင်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ နမခ မှ တက်လာသော Gyrocopter ၃ စီးက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၁၀ နာရီ ၁၂ မိနစ်အချိန်ကလည်း ရေဦးမြို့နယ် အနောက်ခြမ်း တမာတောရွာ တိုက် နယ်ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် အတုယောင် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုများ ပိုမို လုပ် ဆောင်လာသောကြောင့် ပြည်သူများ အနေဖြင့် လူစုလူဝေး မပြုလုပ်ကြရန်နှင့် နေအိမ်များ အတွင်း ဗုံးခိုကျင်းများ တူးဖော်ထားကြရန် တော်လှန်ရေး အင်အားစုများက အသိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဒီဇင်ဘာ ၁၇ ရက်နေ့ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သော ရေဦးမြို့နယ် ၊ တမာတောကျေးရွာ တိုက်နယ်ဆေးရုံ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article