ရန်ကုန်၊ ဒီဇင်ဘာ ၁၉
ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှစ၍ ဇန်နဝါရီလ ၅ ရက်နေ့အထိ အရေးကြီးကာလအဖြစ် သတ်မှတ် လိုက်ပြီး ကရင်နီပြည်သူလူထုနှင့် ကရင်နီပြည်နယ် တပ်ပေါင်းစုံတပ်ဖွဲ့ဝင်များ၊ ကရင်နီလူမှု အဖွဲ့ အစည်းများအနေဖြင့် သိရှိလိုက်နာပေးကြပါရန် KA စစ်ဦးစီးချုပ်က သတိပေးလိုက်ခြင်းဖြစ်သ်ည်။
စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့များ၏ အားနည်းချက်ကို ယူကာ ၁၉၈၅ ခုနှစ်မှ ယနေ့အထိ ခရစ္စမတ် အချိန်နှင့် နှစ်သစ်ချိန်တွင် သတ်ဖြတ်မှု၊ ရာဇဝတ်မှု၊ ယုတ်မာမှုများပြုလုပ်ကြောင်း၊ ထို့ ကြောင့် ခရစ္စမတ်အချိန်အခါနှင့် နှစ်သစ်ကူးကာလအချိန်များတွင် လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်း နေထိုင်ခြင်းသွားလာခြင်း၊ ပျော်ပွဲရွှင်ပွဲ ကျင်းပပြလုပ်ခြင်းများ လုံးဝလုံးဝ မပြုလုပ်ကြရန် ဗိုလ်မှူးချုပ် အောင်မြတ်က သတိပေး ထား သည်။
ထို့အပြင် ကရင်နီပြည်သူလူထုအနေဖြင့် မူဆိုမီးရှို့သတ်ဖြတ်မှုကြီးကို သတိရကြရမည်ဖြစ်ပြီး စစ်တပ် က သူ့အလုပ်သူ လုပ်နေချိန်တွင် ကရင်နီပြည်သူလူထုအနေဖြင့်လည်း သတိကြီးစွာ သွားလာ နေထိုင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် အသိပေးထားသည်။
“ခရစ္စမတ်ချိန်ခါ နှစ်သစ်ကူးကာလဖြစ်နေချိန်တွင် လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင် နေထိုင်သွား လာခြင်း၊ ပျော်ပွဲရွှင်ပွဲပြုလုပ်ခြင်းများ မပြုလုပ်ကြရန် သတိပေးလိုက်သည်။ ရန်သူလည်း သူ့အလုပ် သူလုပ်နေသည်။ မိမိတို့သည်လည်း သတိကြီးစွာ နေထိုင်သွားလာရမည်။ မိမိအလုပ်မိမိတို့ လုပ်ကြရ မည်။ (မူဆိုမီးရှို့သတ်ဖြတ်မှုကြီး) ကဲ့သို့ မဖြစ်စေရန်အတွက် သတိပေးပါသည်။ အထူးသဖြင့် ရန်သူ လည်း မိမိတို့တော်လှန်ရေးတပ်များ၏ အားနည်းချက်ကိုယူပြီး ၁၉၈၅ခုနှစ်မှ ယနေ့အထိ ခရစ္စမတ် ချိန်နှင့် နှစ်သစ်ချိန်တွင် သတ်ဖြတ်မှု၊ ရာဇဝတ်မှု၊ ယုတ်မာမှုများ ပြုလုပ်နေသည်ကို ယနေ့အထိ ကြုံ တွေ့ခံစားနေရသည်။” ဟု KA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ပြောဆိုထားသည်။
တော်လှန်ရေးသက်တမ်း နှစ် ၅၀ ကျော်အတွင်း စစ်တပ်က နိုင်ငံရေး လိမ်လည်မှုကြီးအဖြစ် ၁၉၇၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၀ ခုနှစ်တွင် တစ်ကြိမ်နှင့် ၂၀၁၀ ခုနှစ်တွင် တစ်ကြိမ်ကျူးလွန်ခဲ့ပြီး လာ မည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်လည်း နိုင်ငံရေးလိမ်မှုကြီး ထပ်မံကျူးလွန်ရန် ပြုလုပ်နေကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် မိအေး ၄ ခါနာသွားပြီဖြစ်ပြီး စစ်အာဏာရှင်များကျဆုံးရေးအ တွက် တော်လှန်ရေးကို ပါဝင်အားဖြင့်ကြရန် လိုအပ်ကြောင်း သတိပေးထားသည်။
“မိမိတော်လှန်ရေး သက်တမ်း ၅၀ ကျော်ခရီးတွင် နိုင်ငံရေးလိမ်လည်မှုကြီးများ တွေ့ကြုံရပါသည်။ ၁၉၇၄ ခုနှစ် တကြိမ်၊ ၁၉၉၀ ခုနှစ်တကြိမ်၊ ၂၀၁၀ ခုနှစ်တကြိမ် အာဏာရှင်အဆက်ဆက် နိုင်ငံရေး လိမ် လည်မှုဖြစ်ပါသည်။ လာမည့် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် နိုင်ငံရေး လိမ်လည်မှုကြီး ထပ်မံပြုလုပ်ကြဦးမည်။ ၎င်းလိမ်လည်မှုကြီးတွင် (နီးရာဓါး၊ ကြောက်နေကြသော) လွိုင်ကော်မြို့ တွင်း/ မြို့ပြင် ကရင်နီအမျိုးသားများ၊ လူထုများ သတိထားကြပါရန် နှိုးဆော်သတိပေး လိုက်ပါသည်။ ကရင်နီပြည်သူလူထုက “ဒီတခါနှင့်ဆိုရင် မိအေး ၄ ခါနာသွားပြီ၊ အဆုံးစွန်ရောက်သွားပြီ။ “ဆင် လိုက် ရှာတယ်၊ အကောင်တွေ့ပြီဘဲ-ဆင်ကောင် မမြင်မတွေ့ ယောင်ဆောင်ပြီး ဆင်ခြေရာလိုက်ရှာ ကြအုံးမလား” မေးလိုသည်။ သေချာသည်မှာ အာဏာရှင်များ ကျဆုံးပါမည်။ တော်လှန်ရေးကို ပါဝင် အင်အားဖြည့်ရန် လိုပါကြောင်း သတိပေးလိုက်ရပါသည်။” ဟု ကရင်နီပြည်တပ်မတော် – KA စစ်ဦး စီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ပြောဆိုသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ကယားပြည်နယ်၊ ဖရူးဆိုးဒေသ မူဆိုကျေးရွာတွင် ကလေးငယ် ၄ ဦးနှင့် Save the Children ဝန်ထမ်း ၂ ဦးအပါအဝင် အနည်းဆုံး ပြည်သူ ၃၅ ဦးကို အကြမ်းဖက်စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




