ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ တိုင်းပြည်ရဲ့အာဏာကို ကိုယ်ကျိူးစီးပွားအတွက်နဲ့ မတရာရယူလိုမှုတွေကြောင့် အာဏာသိမ်းထားတဲ့ အကြမ်းဖက် မင်းအောင်လှိုင်က တဖန်ပြန်ပြီး ကရင်ပြည်နယ်မှာ ကိုယ်ကျိုးအတ္တနဲ့ လွဲမှားတဲ့ အတွေးအခေါ် အယူအဆတွေကြောင့် လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေတာဆိုပြီး အပြစ်ဖို့ပြောဆိုနေပြန်ပါတယ်။
- မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်တပ်က အာဏာသိမ်းမှုလိုက်မှုကြောင့် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်ဆောင်ရွက်မှုတွေအားလုံး ရပ်ဆိုင်းသွားခဲ့ပြီး စစ်တပ်က သူတို့အတွက် ထာ၀ရ အာဏာ တည်တံ့မှုရအောင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ချုပ်ကိုင်ထားတယ်လို့ KNU ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းက ပြောလိုက်ပါတယ်။
- စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ကျေးရွာတွေအတွင်း စစ်မှုထမ်း လစဉ်ဆက်ကြေး ကောက်ခံဖို့နဲ့ ရိက္ခာရှာဖို့ ထွက်လာတဲ့အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်တပ်ဘက်က ၁၀ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




