ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ဒေသပြည်သူများက အကြမ်းဖက် စစ်တပ်၏ တရားမဝင် အတုယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၉ ရက်၊ ၁၈ ရက်နှင့် ၁၇ ရက်နေ့တို့တွင် ပေါင်းတည်မြို့ယ် ၊ ရေတာရှည်မြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့တွင် ဒေသတွင် ပြည်သူများနှင့် သပိတ် အင်အားစုများ ပူးပေါင်း၍ အကြမ်းဖက် စစ်တပ်၏ တရားမဝင် အတုယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။






