အကြမ်းဖက် စစ်တပ်နှင့် အကျိုးတူ ပူးပေါင်းနေသော MAI လေကြောင်းလိုင်းက ပြည်ပ ခရီး သည်များ၏ လက်ဆွဲ Hand Carry သယ်ဆောင်မှုများကို အခမဲ့ သယ် ယူခွင့်မပေးတော့ဘဲ အလေးချိန်အလိုက် ငွေကြေး အဆမတန် တောင်းခံလျက်ရှိကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ပုံမှန်အားဖြင့် ပြည်ပ ခရီးသည်များအနေဖြင့် MAI လေကြောင်းလိုင်းက လက်ဆွဲ Hand Carry ကို 7 Kg အခမဲ့ သယ်ယူခွင့်ပေးခဲ့သော်လည်း ယခု နိုဝင်ဘာလမှစတင်ပြီး Hand Carry သယ်ယူမှုများကို ငွေကြေးတောင်းခံလာခြင်းဖြစ်ကြောင်း၊ Hand Carry များကိုပါ အလေးချိန် ချိန်ပြီး အလေးချိန် အလိုက် ငွေကြေးများ တောင်းခံခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကွာလာလမ်ပူကနေ ရန်ကုန်ကို ပြန်ဖို့ လေဆိပ်မှာ ပစ္စည်းချိန်တော့ Hang Carry ကို ပါ ထည့်ချိန်တယ်။ အိမ်မှာကတည်းက Hand Carry ကို 7 Kg မကျော်အောင် ချိန်လာတာ။ Luggage ကိုလည်း 20 Kg ပဲရတယ်ဆိုပြီး အဲဒါ လက်ဆွဲကိုလည်း အလကားမပေးဘူးဆိုပြီး လက်ဆွဲ 7 Kg ကို 1 Kg ကို ရင်းဂစ် ၅၅ တောင်းပါတယ် ။ မပေးရင် အမှိုက်ပုံးထဲ အထုပ်တွေ ပစ်ခဲ့မယ်ဆိုပြီး ပြောတယ်” ဟု ကွာလာလမ်ပူမှ ရန်ကုန်မြို့သို့ ပြန်လာခဲ့သော ခရီးသည်တစ်ဦးက ပြောဆိုသည်။
အလားတူပင် စင်ကာမှ ရန်ကုန်သို့ MAI လေကြောင်းလိုင်းဖြင့် ပြန်လာသော ခရီးသည်တချို့ကလည်း လက်ဆွဲ Hand Carry ကို 1 Kg လျှင် စင်ကာပူဒေါ်လာ ၂၀ ဖြင့် MAI လေကြောင်းလိုင်းက ကောက်ခံနေပြီး Hand Carry ကို အလကားမပေးကြောင်း၊ ယင်းကိစ္စအတွက် MAI ရုံးချုပ်သို့ တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိကြောင်း သိရှိရသည်။
“ကျနော်တို့ နားလည်တာက Hand Carry ဆိုရင် နိုင်ငံတကာလေကြောင်းလိုင်းတွေမှာလည်း အနိမ့်ဆုံး 7 Kg ကို အလကားသယ်ခွင့်ပေးတယ်လို့ နားလည်တယ်။ အခုက MAI က Luggage ကိုလည်း 20 Kg ပဲ သယ်ခွင့်ပေးတဲ့အပြင် Hand Carry ကို သယ်ခွင့်မပေးတော့ဘဲ ပေါင်းချိန်တယ်။ ပြီးတော့ ပိုတဲ့ အလေးချိန်ကို ငွေတောင်းနေတာ။ ဘန်ကောက်သွားတဲ့ မိတ်ဆွေတွေလည်း အဲဒါကြုံနေရတယ်” ဟု စင်ကာပူတွင် ကျောင်းတက်နေပြီး ရန်ကုန်သို့ မကြာဏ ပြန်လာလေ့ရှိသည့် လူငယ်တစ်ဦးက ဆိုသည်။
ဘန်ကောက်မှ ရန်ကုန်သို့ ယခုရက်ပိုင်းအတွင်း ကျန်းမာရေး ဆေးစစ်ပြီး MAI လေယာဉ်ဖြင့် ပြန်လာခဲ့သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း Hand Carry ကို MAI က အလ ကားသယ်ခွင့်မပေးဘဲ အလေးချိန်ချိန်ကာ ဘတ်ငွေ ၂ သောင်း တောင်းခံသွားကြောင်း၊ Hand Carry အလကား သယ်ခွင့်ပေးသည်ဟု နားလည်ထားကြောင်း လေကြောင်းဝန် ဆောင်မှုကောင်တာတွင် ဆက်သွယ်အကြောင်းကြားသော်လည်း စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲသွားပြီဟုဆိုကာ ထိုင်းဘတ်ငွေ ၂ သောင်း တောင်းခံသွားကြောင်း သိရှိရသည်။
MAI လေကြောင်းလိုင်းကို ခရိုနီ အောင်အောင်ဇော်က ပိုင်ဆိုင်ပြီး အကြမ်းဖက် စစ်တပ်အတွက် နာမည်ခံ၍ လေယာဉ်ဆီများ တင်သွင်းပေးခြင်း၊ မင်းအောင်လှိုင်နှင့်မိသားစု စီး နင်း နေသည့် လေယာဉ်ကို MAI က နာမည်ခံထားပေးခြင်း၊ စစ်တပ်မှ အငြိမ်းစား လေ ကြောင်းအရာရှိများကို လေယာဉ်မှူးများ အဖြစ် ခန့်အပ်ခြင်းများ လုပ်ဆောင်ကာ စစ်တပ်နှင့်အနီးကပ် ပူးပေါင်းလုပ်ဆောင်နေသော လေကြောင်းလိုင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





