23 C
Yangon

ပုလောမြို့နယ်တွင် CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းတို့ကို ထွက်ပြေးလွတ်မြောက်သွားသော အချုပ်သား ၄ ဦးက သတ်ဖြတ်မှု KNU က ပြန်လည် ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းတို့ကို ထွက်ပြေးလွတ်မြောက်သွားသော အချုပ်သား ၄ ဦးက သတ်ဖြတ်သွားခဲ့ပြီး လူ သတ် တရားခံများကို KNU က ဖမ်းဆီးရရှိပြီဖြစ်ကြောင်း KNU က သတင်းထုတ်ပြန် သည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေအချိန် CDM ဆရာမ ဒေါ်အေးသီအောင် နှင့် ခင်ပွန်း တို့ အသတ်ခံလိုက်ရကြောင်း၊ ၎င်းတို့ သတ်ဖြတ်သူများမှာ KNDO တပ်ရင်း ၇ ၊ တပ်ခွဲ ၅ က ချုပ်နှောင်ထားသော အပြစ်သား ၄ ဦးဖြစ်သည့် မောင်အောင်နိုင်ဦး၊ မောင်ဖြိုးဝေဦး၊ မောင်ဇော်ထိုက် နှင့် မောင်ဝင်းစိုးတို့ဖြစ်ပြီး အဆိုပါ အချုပ်သား ၄ ဦးမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန် အကျဉ်ခန်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

လွတ်မြောက်သွားသော အပြစ်သား ၄ ဦးအနက်မှ မောင်ဝင်းစိုးသူက ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းအချိန် ဆရာမဒေါ်အေးသီတာအောင် ထံသို့သွားရောက်ပြီး ထမင်းသွားတောင်းစားရာ မပေးသည့်အတွက် ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း၊ ဆရာမ အော်သံကို ကြားသည့်အတွက် ခင်ပွန်းသည်က ထွက်ကြည့်သည့်အခါ ကျန် အပြစ်သား ၃ ဦးက ဆရာမ ၏ ခင်ပွန်းကို ဖမ်းချုပ်ထားပြီး မောင်ဝင်းစိုးမှာ ဆရာမ၏ ခင်ပွန်းကိုပါ သတ်ဖြတ်ခဲ့ကြောင်း၊ ဆရာမတို့လင်မယား ၂ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ၎င်းတို့၏ လက်ဝတ်ရတနာများဖြစ်သည့် နားကပ်၊ ဆွဲကြိုး နှင့် လက်ကောက်တို့ကို ယူဆောင်ကာ ထိုင်းနိုင်ငံသို့ သွားရန် ကြိုးပမ်းနေစဉ် အချိန် အတွင်း KNU က ပြန်လည် ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ အချုပ်သား ၃ ဦးကိုလည်းကောင်း ဖမ်းဆီးရမိပြီး ကျန် ၁ ဦးကို ဒီဇင်ဘာလ ၁၈ ရက်နေ့ တွင် ထပ်မံဖမ်းဆီး မိခဲ့ကြောင်း၊ ဖမ်းဆီးရရှိသော အခါ အဆိုပါ အချုပ်သားများက ဆရာမဒေါ်အေးသီအောင်နှင့် ခင်ပွန်းကို သတ်ဖြတ်ခဲ့သည်ကို စုံစမ်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရှိရသည်။

လူသတ်မှု ကျူးလွန်ခဲ့သည့် အပြစ်သား၄ ဦးကို စုံစမ်းစစ်ဆေးပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကော်သူးလေတရားဥပဒေများနှင့်အညီ ထိရောက်စွာ အပြစ် ပေး အရေး ယူသွားမည်ဖြစ်ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article