31 C
Yangon

ပေါက်ခေါင်းတွင် ၉ တန်းကျောင်းသား ၂ ဦးကို စစ်တပ်က အွန်လိုင်းမှ လိမ်လည် စစ်မှု ထမ်းတပ်သားအဖြစ် စုဆောင်းမှု သတင်းမီဒီယာများက သတင်းဖော်ပြပြီးနောက် မိဘများထံသို့ ကျောင်းသား ၂ ဦးကို စစ်တပ်က ပြန်ပို့အပ်နှံ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၉ တန်းကျောင်းသား ၂ ဦးကို စစ်မှုထမ်းတပ်သားအဖြစ် အွန်လိုင်းပေါ်မှ လိမ်လည်ခေါ်ဆောင်စုဆောင်းမှု သတင်းကို သတင်းမီဒီယာများက ဖော်ပြပြီးနောက် ယင်းကျောင်းသား ၂ ဦးကို မိဘများထံသို့ စစ်တပ်က ပြန်လည်အပ်နှံလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ပေါက်ခေါင်းမြို့နယ်၊ အနောက်ကြို့ကုန်းအုပ်စု၊ အနောက်ကြို့ကုန်း အထက်တန်းကျောင်းတွင် တက်ရောက်နေသော ဒန်းတောင့်ရွာမှ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်တင်မျိုးအောင် နှင့် ပြည်မြို့နယ်၊ ကန်သာယာရွာမှ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်သော်ဇင်ဖြိုး တို့ကို စစ်တပ်က အွန်လိုင်းပေါ်မှတစ်ဆင့် ၁ လလျှင် ငွေကျပ် ၅ သိန်း လစာဝင်ငွေရမည့် အလုပ်ပေးမည်ဟု လိမ်လည် ခေါ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ၉ တန်းကျောင်းသား ၂ ဦးကို ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကပစ ၁၉ မှ စစ်သားများက အွန်လိုင်းပေါ်မှ လိမ်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်မြို့ မှ ပန်းတောင်းမြို့နယ် ကပစ ၁၆ သို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ကပစ ၁၆ ရှိ အဆောင် ၁ ခုတွင် ထားရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ၉ တန်းကျောင်းသား ၂ ဦးကို စစ်တပ်က စစ်မှုထမ်းတပ်သားသစ် အဖြစ် စုဆောင်းခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပကစ ၁၆ မှ စစ်အရာရှိ ၁ ဦးက မိသားစုများထံသို့ ဆက်သွယ်လာပြီး ကလေးများကို ပြည်မြို့ ကားကြီးကွင်း၌ လာရောက်ခေါ်ဆောင်ရန် ပြောဆိုကာ လိုင်းကားပေါ် တင်ပေးကြောင်း၊ ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းတွင် ကျောင်းသား ၂ ဦးလုံး နေအိမ်သို့ ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။

“ကျောင်းသား ၂ ဦးကို အလုပ်ခေါ်သူတွေက ပေါက်ခေါင်းမြို့နယ် ကပစ ၁၉ က စစ်သားတွေလို့ သိရတယ်။ သူတို့ကမှ တဆင့် ပြည်မြို့ မြဝတီဘဏ်အနီးသို့ ပို့ဆောင်ပေးပြီး ပန်းတောင်းမြို့နယ် ကပစ ၁၆ က စစ်သားတွေက ကားနဲ့ လာခေါ်သွားတာ။ ကပစ၁၆ အဆောင် တစ်ခုမှာ ထားရှိတုန်း မီဒီယာတွေက သတင်းတင်တော့မှ ပကစ ၁၆ က စစ်ဗိုလ်ဆိုတဲ့ကောင်က မိသားစုကို ဆက်သွယ်လာပြီး ကလေးတွေကို ပြည်မြို့ကားကြီးကွင်းကိုလာခေါ်ခိုင်းတယ်။ ကလေးတွေကို လိုင်းကားပေါ်တင်ပေးလိုကတာ။ မနေ့က ညနေပိုင်းမှာ ကလေး ၂ ဦးလုံး မိဘနေအိမ် ပြန်လည်ရောက်လာပြီလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စစ်မှုထမ်းတပ်သားသစ်များ စု ဆောင်း ရန် ပေါ်တာဆွဲမှုများ လုပ်ဆောင်နေပြီး စစ်မှုထမ်းတပ်သားခေါ်ဆောင်ရေးကို အကြောင်းပြ၍ ငွေညှစ်မှုများလည်း တစ်နိုင်ငံလုံးဖြစ်ပွားလျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article