ရန်ကုန်၊ ဒီဇင်ဘာ ၂၂
အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲမှာ ပြည့်စုံ ကောင်းမွန်သော ရွေးကောက်ပွဲ မဟုတ်သော်လည်း လေ့လာစောင့်ကြည့်သူများကို ထိုင်းနိုင်ငံက စေလွှတ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ဒီဇင်ဘာလ ၁၉ ရက်နေ့ ဂျပန် NHK သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ထုတ်ဖော်ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲမှာ ပြည့်စုံကောင်းမွန်သော ရွေးကောက်ပွဲမဟုတ်သော်လည်း ကောင်းမွန်သော တိုးတက်မှုများ၏ အစပျိုးမှု ဖြစ်လာနိုင်ကြောင်း၊ ထို့မှတစ်ဆင့် ငြိမ်းချမ်းရေးသို့ ဦးတည်သွားရန် ထိုင်းနိုင်ငံက မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
“ ယခု လတ်တလော အခြေအနေတွေအရတော့ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲတခုတော့ ဖြစ်လာမှာမဟုတ်ပေမယ့် ဒါဟာ ကောင်း မွန်တဲ့ တိုးတက်မှုတွေအတွက် အစပျိုးချက်တခု ဖြစ်လာနိုင်ပါတယ်” ဟု သူက ပြောဆိုသည်။
သို့ရာတွင် အာဆီယံအဖွဲ့ကြီးအနေဖြင့်မူ မြန်မာနိုင်ငံမှ စစ်တပ်၏ ရွေးကောက်ပွဲသို့ လေ့ လာသူ စေလွှတ်ရန်မရှိဘဲ မူလဆုံးဖြတ် ချက်အတိုင်း ဆက်လက် တည်ရှိနေကြောင်း၊ စစ်အုပ်စု၏ ရွေးကောက်ပွဲကို အာဆီယံအဖွဲ့အနေဖြင့် အသိအမှတ်ပြု ထောက်ခံရာ ရောက်မည်ကို စိုးရိမ်နေကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံအနေဖြင့် လေ့လာသူစေလွှတ်မှုမှာ စစ်တပ်၏ ရွေးကောက်ပွဲကို တရားဝင်ဖြစ်စေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံနှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားရေးသာဖြစ် ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeowက ထုတ်ဖော်ပြောဆိုသွားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




